အပိုင်း(၃၅)

13.2K 923 63
                                    

                          Unicode

အချိန်အားဖြင့် ည၉နာရီလောက်ရှိ လောက်ပြီ။
ယမကာဂမုန်း ဟိန်းစိုး၏အပေးအယူကြောင့် ဒီည ရွာတောင်ပိုင်းနားက ဇရပ်အပျက်ဆီသွားရလိမ့်မယ်။
သူမသွားချင်။
သို့ပေမယ့်လည်း မရသည့်ကိစ္စ မို့သူသွားရဦးမယ်။
ဟူးးးးးးးတကယ်ကိုစိတ်ပိန်တယ်။
ကျန်းမာရေးဖိနပ်ကို ကောက်စွပ်ပြီး ရွာတောင်ပိုင်းသို့ ဖုန်းမီးဖြင့်ထိုးကာ ဂမုန်းထွက်လာခဲ့သည်။
တစ်ရွာလုံး အိပ်ချိန်မို့ လမ်းတွင်မှောင်မိုက်နေသည်။
သိုပေမယ့် လဆန်းရက်မို့ ကောင်းကင်ကြီးဆီမှ လမင်းကြီး၏အလင်းရောင်ကတော့ ဖြာကျနေသည်။

သစ်မင်းမောင် စိတ်မချသည်ကြောင့် မအိပ်သေး။
ဒီည ဟိန်းစိုးဆီ ဂမုန်းသွားမှာသိသည်။ထိုကြောင့် သူပုဏ္ဍားရိတ်ပင်များကိုအမှီပြုပြီး ဂမုန်းပင်ကို စောင့်ကြည့်နေလိုက်တယ်။
၉နာရီလောက်ကျတော့ ဖုန်းမီးကိုဖွင့်ပြီး ဂမုန်းပင်ထွက်လာတယ်...သူလည်းအမှောင်ရိပ်ကိုခိုပြီး ပုန်းနေလိုက်တယ်။
ဂမုန်းပင်က ဟိန်းစိုး ဆီသွားတာကို ကျုပ်ကိုမလိုက်ခဲ့နဲ့တဲ့။
ဘယ်နှယ့်ဗျာ....ကျုပ်စိတ်မချနိုင်ပါ။
ကိုယ့်ချစ်သူက တခြားယောကျ်ားတစ်ယောက်နဲ့ ညအချိန်မတော်အရက်သွားသောက်ရမှာကိုတော့ အိမ်ပေါ်တွင်စောင်ခြုံပြီးအေးအေးဆေးဆေး သစ်မင်းမောင် မနေနိုင်ပါ။

ဂမုန်းက ခပ်သုတိသုတ်သွားနေတာမို့ ခပ်လှမ်းလှမ်းကနေကျုပ်လည်းလိုက်လာလိုက်တယ်။
ဂမုန်းပင်နဲ့လည်း တော်တော်လေးအလှမ်းဝေးနေပြီမို့ ချက်ခြင်းဆိုသလိုကြောက်စိတ်ကဝင်လာသည်။
ညအမှောင်ထဲလျှောက်နေရတာဟာ ကြက်သီးထဖို့ကောင်းလှ၏။
ဒါပေမယ့် သူ့စိတ်ကိုမနည်းထိန်ပြီး...ဂမုန်းပင်ကိုမီအောင်လျှောက်လိုက်တယ်။

ရွာတောင်ပိုင်းနားက ဇရပ်ပျက်ဆီရောက်တော့ ဂမုန်း ကအဲ့ဇရပ်ထဲဝင်သွားတယ်..။
သစ်မင်းမောင်လည်း အနီးအနားမှာရှိတဲ့ ကောက်ရိုးပုံနှင့်အသာကွယ်ပြီး အခြေအနေကိုတစ်ချက်ရှိူးသည်။
တော်တော်လေးအလှမ်းဝေးသည်ကြောင့် သိပ်မမြင်ရပေမယ့် အမှီပြုစရာဆိုလို့ ဒီကောက်ရိုးပုံသာရှိတယ်။
ဟိန်းစိုးက ဖယောင်းတိုင်မီးထွန်းထားပြီးအရှေ့တွင်အရက်ပုလင်းတွေနှင့်အမြည်းပန်းကန်များကိုချထားသည်။
ဂမုန်းက ဟိန်းစိုး၏မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်သည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now