အပိုင်း(၂၅)

14.4K 1K 51
                                    

                        Unicode

ညကသန်းထန်စွာရွာထားတဲ့ မိုးကြောင့်ပတ်ဝန်းကျင်တစ်ခုလုံး စိုစိနေကာ တစ်မျိုးတစ်မည့်ဖြင့်နေလို့ထိုင်လို့ကောင်းလှ၏။
လမ်းမအထက် ညကဖားရိုက်ထွက်ကြသော လူတစ်ချို့က ပျော်စရာကောင်းခဲ့ပုံကိုအထူးအဆန်းလုပ်ကာ ပြောဆိုနေကြတယ်။
ကျေးငှက်လေးတွေရဲ့ တကျီကျီအော်သံများဟာလည်း သံစဥ်တပုဒ်လိုချိုမြိန်လှ၏။
ဒါပေမယ့် နွေးထွေးနေတဲ့ကိုယ်နှစ်ခု...။သစ်မင်းမောင် နိုးလာခဲ့တယ် ။ပတ်ဝန်းကျင်ကို သေချာပြန်သုံးသပ်ကြည့်တော့ သူမြတ်နိုးရတဲ့ ဂမုန်းပင်နှင့် သူ့ဖက်ရက်သားအိပ်နေသည်။
ညိုညိုစိုစို မျက်နှာအထက်အကြည့်တို့က မခွာနိုင်။

ယပ်တောင်ပမာ ကော့ညွှတ်နေသောမျက်တောင်ရှည်ရှည်များကို မှိတ်ကာပိတ်ထားသည်ကလည်း ယောကျာ်းတစ်ယောက်ကိုတောင်ရင်ဖိုစေသည်။
ဖြောင့်စင်းနေသော နှာတံထိပ်က မှဲ့နက်ကလေး...ဒါလေးကကျုပ်သိပ်သဘောကျရတဲ့ အရာလေးတစ်ခု။
ဂုတ်လောက်ထိရှည်နေပြီဖြစ်တဲ့ ဆံပင်များဟာ ပွရောင်းကာရှုပ်နေပေမယ့် ဒီလိုပုံစံဟာ ယမကာဂမုန်း ရဲ့ပုံစံအစစ်အမှန်သာဖြစ်သည်။
ဂမုန်းပင် ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုခြင်းဆီကို သေချာကြည့်နေရာမှ နောက်ဆုံး ညကသူ ငုံထွေးထားခဲ့တဲ့ နှုတ်ခမ်းလွှာတစ်စုံ။
ချိုတယ်...ယမကာ ထက်ကိုမင်းရဲ့နှုတ်ခမ်းလေးက ချိုလွန်းတယ် ဂမုန်းပင်။

ပြီးတော့ အကြည့်တို့ဟာ အရိုင်းဆန်လာသည်။
လည်တိုင်ကျော့ကျော့မှ တဆင့် ရင်အုပ်ကျယ်ကျယ်...။

"! အဟင်းးးး!!"

စောစောစီးစီး အာခေါင်တွေခြောက်လာသည်။
ထိုအချိန် ဂမုန်း လှုပ်ယွကာ နိုးလာသည်။ သူလည်း မျက်လုံးကိုပြန်မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။

နိုးလာပေမယ့် ကိုယ်ကတော့လှုပ်၍မရ။
တင်းကျပ်စွာဖက်ထားသည့်အပြင် အောက်ပိုင်းတစ်ခုလုံးကိုပါ အပိုင်သိမ်းထားသည်။
(ခွထားတာကို ပြောတာ)
ီးလိုပဲ...စောက်ကောင်... စောစောစီးစီးအကုလ်များတယ် ဆဲရတာ..။
လှုပ်ကြည့်တယ်။ မရဘူး....အဲ့အပြင်တောင် သစ်မင်းမောင်က ပိုလို့ပင်တိုး၍ဖက်လာသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now