အပိုင်း(၂၂)

13.4K 1K 56
                                    

                        Unicode

"ဂမုန်းပင် ..ငါအဘခိုင်းထားတာလေးတွေရှိသေးလို့ ဖိုးခွားကိုကျောင်းကြိုတာမလိုက်တော့ဘူးကွာ..တော်ကြာငါ့ကိုစိတ်ကောက်နေမှဖြင့်...ချော့မရပဲနေလိမ့်မယ်.."

"အေး..."

"မင်းတစ်ယောက်တည်းဖြစ်တယ်မလား...မဟုတ်ရင်လည်းအဘခိုင်းတာ နောက်မှလုပ်လိုက်မယ်.."

"ရတယ်..မင်းဘာသာလုပ်စရာရှိတာလုပ်...ငါ့ရွာနဲ့ငါ့ရပ်ပဲ တောင်းပိုင်းအထိပဲသွားရမယ့် ဥစ္စာ... ကိစ္စမရှိဘူး.."

သစ်မင်းမောင်ကို ယမကာဂမုန်း ပြောလိုက်တယ်။
ဟုတ်တယ်.. ဟိန်းစိုး ကိုသူကြောက်နေစရာမလို။ ယောကျာ်းပဲ ဘာကြောက်စရာရှိလဲ...သူကအရင်လိုနုံနုံအအ ယမကာဂမုန်း မဟုတ်တော့။
လာစမ်းပါ ီးကောင်။
မင်းငါ့ကို လာပြီးစောက်ဇယားရှုပ်တာနဲ့ မင်းစောက်ခွက်ပေါ် ငါ့လက်သီးရောက်ပြီပဲ။
ယမကာဂမုန်း စိတ်ထဲကနေကြိမ်းဝါးလိုက်တယ်။
ထိုနောက် ဖိုးခွားကိုကြိုဖို့ ဂမုန်းရွာတောင်ပိုင်းဘက်ကိုထွက်လာတယ်။ကျောင်းအရှေ့ရောက်တော့ တံခါးပိတ်ထားတာကြောင့် အချိန်ကြာမြင့်သည်အထိ သူစောင့်နေရသည်။

"ကလင်...!! ကလင်..!!...ကလင်..!!"

ကျောင်းထဲမှာ ကျောင်းဆင်းခေါင်းလောင်းထိုးပြီး တအောင့်ကြာတော့ရွယ်တူ ကလေးလေးတွေ လွယ်အိတ်ကိုယ်ဆီဖြင့်ထွက်လာကြသည်။
ကျောင်းသားမိဘများလာကြိုတာကြောင့် ကလေးလေးတွေရဲ့မျက်နှာတွင်အပြုံးပန်းများဝေဆာနေသည်။
ဂမုန်းလည်း ဖိုးခွားလေးကို စောင့်နေရင်း နောက်ဆုံးတွင် မြရီ၊ခင်ထားနှင့်အတူ ဖိုးခွားလေးထွက်လာသည်။

"မြရီ..!!"

"အဟမ်းးး!!"

ခင်ထားကချောင်းဟန့်သည်။ ဂမုန်းလည်း သွားစွယ်လေးတွေပေါ်အောင်ပြုံးပြပြီးးး။

"ဖိုးခွားလေးကို ခေါ်လာပေးလို့..ကျေးဇူးပါဟာ..."

"မလိုဘူး...ဒါငါတို့ဆရာမတွေရဲ့အလုပ်..".

"ဟဲ့...ခင်ထားမ နင့်ကိုပြောလို့ ဝင်ဝင်ပြီးပြောနေတာလား.."

"မြရီ ကိစ္စ...ငါ့ကိစ္စပဲ..."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now