အပိုင်း(၁၂)

14.8K 1.1K 43
                                    

                          Unicode

ဒီနေ့ ဥပုပ်နေ့မို့ ယမကာဂမုန်းစောစောထဖြစ်သည်။
ဆွမ်းထမင်း၊ဆွမ်းဟင်းချက်ရပေဦးမယ်။ပန်းတိုင်ရွာစျေးက ဝယ်ထားတဲ့အသီးအရွက်အချို့နှင့် ဝက်သားရှိသေးသည်။
မျက်နှာသစ် ၊ ကိုယ်လက်သန့်စင်ပြီး မီးဖိုထဲဝင်ကာ ချက်ပြုတ်ရန် စတင်သည်။
ဝက်သားဆီပြန်တစ်ခွက်ရယ် ၊ ဘူးရွက်ကြော်ချက်ရယ် ကိုအရသာစုံလင်အောင်ထည့်ပြီးချက်၏။
ပြီးတော့ ကြောင်တွေကြွက်တွေရန်မှ ကာကွယ်နိုင်ရန် အုပ်စောင်းဖြင့်အုပ်ထားလိုက်သည်။
ထမင်းကိုတော့ ဘုရားကိုအရင်ဦးဆုံးဆွမ်းတော်တင်သည်။
အဘနိုးရင် အဆင်သင့်ဆွမ်းကပ်လို့ရအောင် ရေချမ်းပါလှဲလိုက်၏။
အဖိတ်ဥပုပ်နေ့တိုင်း ရွာထဲက လူပျို၊အပျိုတွေ ဘုန်းတော်ကြီးကျောင်းရဲ့ ဝေယာဝိစကိုလုပ်ကြရသည်။
ပြီးတော့ ဘုန်းဘုန်းသီလပေးတဲ့အခါ အတူနားကြားရသည်။
ရှေ့ဆုံးတွင်တော့ သစ်မင်းမောင် နှင့် ယမကာဂမုန်း တို့ကမပါမဖြစ်ပေ။

ဘုန်းကြီးကျောင်းကို စောစောသွားရမှာမို့ ယမကာဂမုန်း စတင်ကာဖြီးလှိမ်းတော့သည်။ 
မြရီ လည်းလာမှာမို့ သူဟာ ချောမောနေမှရမယ်။
ပါးပြင်အထက်ပေါက်နေသော ပုသိုင်းမွှေးများကို အရင်ရိပ်သည်။ ရိပ်ပြီးတာတောင် စိမ်းဖန့်ဖန့်နှင့် မြင်ရသူအဖို့ငမ်းချင်စရာ။
ပွရောင်းနေတဲ့ ဆံပင်ရှည်များကို ဆီဖြင့်သေချာဖီးလိမ်းပြီး ကြက်ပေါင်ခေါင်းစည်းကွင်းလေးဖြင့် အနောက်တွင်စည်းနှောင်းလိုက်သည်။
အရင်တစ်ခေါက် ဘုရားစျေးတုန်းက ဝတ်ဖို့ဝယ်ထားသော ရှပ်အဖြူလက်ရှည်လေးနှင့် မြကြာဖြူ အနီကွက်စိပ်ပုဆိုးလေးကို ​သေသပ်စွာဝတ်လိုက်သည်။

ထိုနောက် အခန်းထဲမှာချိတ်ထားတဲ့ ကိုယ်လုံးပေါ်မှန်ထဲတွင် သူ့ကိုယ်သူတစ်ချက်ရှိုးသည်။
ဟက်....တယ်ချောတဲ့ငါပါလား.... အားလုံးရဲ့မျက်လုံးထဲ ငါမချောရင်နေပါစေ မြရီ မျက်လုံးထဲတော့ ယမကာဂမုန်း ဟာ ချောနေမှဖြစ်မည်။
အားလုံးပြင်ဆင်ပြီးတော့ သူဘုန်းကြီးကျောင်းကို ခြေဆန့်သည်။ကျောင်းရှေ့မှာ စိုက်ထားတဲ့ ဆိတ်ဖလူးပင်ကြီးမှ ဆိတ်ဖလူးပန်းများဟာလည်း အပင်ခြေရင်းတွင်ဖွေးဖွေးလှုပ်အောင် ကြွေကျနေသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now