အပိုင်း(၁၈)

13.7K 1.1K 99
                                    

                         Unicode

"အဘရာ..ကျုပ်..အဟွတ်!!..ဖျားချင်နေပါတယ်ဆို ခိုင်းပြန်ပြီ.."

ဝိုင်းထဲက ရာဝင်အိုးများကို ဦးဘသောင်းရေဖြည့်ခိုင်းနေခြင်းဖြစ်သည်။
ခိုင်းရုံပဲရှိသေး ဒင်းကဆူဆူဆောင့်ဆောင့်နှင့်။
ခိုင်းတာမလုပ်ချင်လို့ ဖျားနေတယ်လို့သက်သက်ဆင်ခြေပေးသည်ဟု ဦးဘသောင်းတွေးနေမိသည်။

အမှန်တော့ သစ်မင်းမောင် တကယ်ဖျားနေသည်။
လည်ချောင်းများ ကွဲမတတ်နာနေကာ မျက်လုံးများလည်းစပ်နေသည်။
ဒီကြားထဲချောင်းကတဟွတ်ဟွတ်ဖြင့် ဆိုးနေသေးသည်။
တော်သေးတာပေါ့ ညက ယမကာဂမုန်း ရဲ့ ဆေးစွမ်းကြောင့် ကောင်းကောင်းအိပ်ပျော်ခဲ့လို့။
မနက်မိုးလင်းတော့ချောင်းက ပြန်ပြီးဆိုးနေသေးသည်။
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုနှင့် လူကနုန်းနေတဲ့အထဲ အဘက ဝိုင်းထဲက ရာဝင်အိုးတွေကို ရေဖြည့်ခိုင်းနေသေးသည်။
ရေအိုးတွေကကြာနေပြီမို့... ရေထည့်လည်း စိမ့်သည်။
ဘယ်လောက်ထည့်ထည့် အချိန်တန်ရင် ​ရေထမ်းပုံး၁ ပုံးစာလောက်လျော့နေတတ်သည်။
ကြာလာတော့ သစ်မင်းမောင် မလုပ်ချင်တော့။
အဘကလည်း အမိုးရှိကတည်းကအိုးတွေမို့ သိပ်ကိုခင်တွယ်ရှာသည်။

"ပြီးရောဗျာ...ကျုပ်ဖြည့်ပေးပါ့မယ်...ကျူပ်နေမကောင်းတာ အဘအခုသိပြီမလား..အဲ့တော့ ကျုပ်အတွက်ဆေးကြိုဝယ်ထားပေး..."

သစ်မင်းလည်း တစ်ကိုယ်လုံးလေးလံနေတဲ့ကြားမှ အဘခိုင်းတာကို နှုတ်ခမ်းဆူပြီးလုပ်ရပြန်သည်။
ရေအိုးက၆ လုံး။
ရေမရှိတာက ၂ လုံးမို့တော်သေးသည်။

အချိန်တွေနာရီပိုင်းအတွင်းရေအိုး၂ လုံးလည်းရေပြည့်ပြီ။
သစ်မင်းလည်း တစ်ကိုယ်လုံးအေးပြီး ချမ်းလာသလိုခံစားနေရ၏။
အိမ်ပေါ်သို့အမြန်ပြေးတတ်ကာ စောင်ခြုံပြီးကွေးနေမိသည်။
အဘလည်း ကျုပ်နေမကောင်းတဲကြားကခိုင်းမိလို့မျက်နှာမကောင်း။
အခုတော့ ရွာလယ်ပိုင်းက ဆေးဆိုင်မှာအဖျားကျဆေးသွားဝယ်နေချေပြီ။
လူလည်းဖျားနေလို့ လယ်ထဲလည်းမသွားနိုင်။
ရေတင်ပြီးပြီမို့ ပျိုးကကြဲရတော့မည်။ဘာပဲဖြစ်ဖြစ်ဒီနှစ်စပါးအထွက်တိုးက ဂမုန်းပင် ထက်သာနေမှဖြစ်မယ်။
.
.
"ဟာ..ဦးလေးဘသောင်း ဘယ်တုန်းဗျ အရေးကြီးသုတ်ပျာနဲ့..."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now