အပိုင်း(၃၆)

12.4K 937 72
                                    

                           Unicode

ရူးပေါက်ချင်သည့်စိတ်ကြောင့် ဖိုးခွားလေးလန့်နိုးလာသည်။
ကိုကြီးဂမုန်း ကိုအိမ်သာလိုက်ပို့ခိုင်းမလို့ အိပ်ယာဘေးကိုစမ်းကြည့်တော့ ကိုကြီးဂမုန်းရှိမနေ။
ညကသူအိပ်သည့်အချိန်အထိဘေးနားတွင်ရှိသေးသည်။
ထိုကြောင့် အိပ်ယာထဲမှထပြီးအိမ်ရှေ့ကိုထွက်လာပြီး ရေနံဆီမီးခွက်လေးကိုမီးထွန်းသည်။
ဘုရားခန်းရှေ့တွင် အိပ်နေသောအဘရဲ့ခြင်ထောင်ထဲသို့ ဖိုးခွားလေးဝင်ပြီး...။

"အဘ...အဘ..ရေ.."

"ဟင်....အင်းးးးသားဖိုးခွား ဘာဖြစ်လိုလဲကွ.."

အအိပ်စက်သူမို့ ဖိုးခွားရဲ့လက်ကိုအသာပုတ်နိုးမှုကြောင့် ဦးဖိုးထွေးနိုးလာသည်။
အိပ်ချင်မူးတူးပုံစံကိုမှ စိတ်ဆိုးသလိုနှုတ်ခမ်းဆူမှုကြောင့် တစ်ခုခုတော့ဖြစ်နေပါပြီ။

"အဘ...တိုကြီးဂမုန်း... အိပ်ယာထဲမှာမရှိဘူး.."

"ဟမ်!! သားကိုကြီးကဒီအချိန်ကြီးဘယ်သွားလိုလဲ...သားနည်းနည်းဖယ်ပေး အဘ တိုင်မှာကပ်ထားတဲ့နာရီကိုမမြင်ရလို့.."

ခြင်ထောင်ထဲမှထွက်ပြီး နာရီကိုကြည့်လိုက်တယ်။
မနက်၃နာရီခွဲဖို့၅မိနစ်သာလိုတော့သည်။

"သားကိုကြီးက ရေအိမ်တွေဘာတွေသွားတာနေမှာပေါ့..."

"တား တော့ အဲ့လိုမထင်ဘူးနော် အဘ...တိုကြီးဂမုန်းကလေ တစ်ခါတလေ တိုကြီးသစ်မင်းနဲ့သွားသွားအိပ်တတ်တယ်.."

"ဟေ!!...ဟုတ်သလား.."

"ဟုတ်တယ်..တား တို့သွားကြည့်ရအောင် အဘရာ.."

"အခုထသွားတော့ သားအဘကြီး ဘသောင်းနိုးသွားမှာပေါ့.."

"အီးးးးဟီးးးးးဗြဲ....ရွှတ်...မရဝူး....တားတွားကြည့်မှာ....မရဘူးယို့...လိုက်ပို့...လိုက်ပို့ယို့..."

ညအချိန်မတော် အသံပြဲကြီးနှင့်ငိုယိုနေခြင်းကြောင့် ဦးဖိုးထွေးမနေနိုင်။
ဖိုးခွားကိုလက်ကဆွဲပြီး ဘသောင်းအိမ်သို့ ဓာတ်မီးထိုး၍လာခဲ့သည်။
ခြံတခါးပိတ်ထားသည်မို့ ကိုယ်ဘာသာပဲအသာတွန်းဖွင့်ပြီး ဝင်ခဲ့လိုက်တယ်။
အိမ်ပေါ်ကိုရောက်မှ ဘသောင်းကိုအသံခပ်အုပ်အုပ်ဖြင့် နိုးလိုက်သည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now