အပိုင်း(၂၃)

13.4K 1.1K 122
                                    

                      Unicode

~~~ဆွမ်းအုပ်နီနီ..အမေရွက်လို့ နက်ဖြန်သဘက်ကျောင်းတတ်မယ်...

မောင်လည်းလိုက်မယ်..ချန်မထားနဲ့ အမေ
သွားတော့ပျင်းလှတယ်...

ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့...ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ်..

မောင်မဆော့ပါ စိတ်ပုတီးနဲ့ ဘုန်းတော်ကြီးလိုနေပါ့မယ်...

လိုက်မယ်...လိုက်မယ်..~~~

သစ်မင်းမောင်...ယမကာဂမုန်း တို့အိမ်ရှေ့ကွပ်ပစ်တွင် ထိုင်ပြီး..သူတို့ငယ်ငယ်ကဆိုခဲ့သောသီချင်းကို ဖိုးခွားလေးကိုပြန်လည်ကာဆိုပြနေသည်။
ဖိုးခွားက အမြဲမှားဆိုနေခြင်းကြောင့် သစ်မင်းပြန်ပြန်ဆိုပြနေတာ ယခုအခါနှင့်ဆို၇ခေါက်ရှိလေပြီ..။

"ဖိုးခွား...ရပြီလား...ပြန်ဆိုကြည့်စမ်း...ဒီတစ်ခါမမှားစေနဲ့.."

"ဟုတ်ကဲ့... အဟမ်း!!"

ဝက်သာဖတ်!!..ီးကလေးက သီချင်းဆိုဖို့အရေး အဟမ်းးး ကဘာလုပ်တာလဲ။
လူလေးက လက်တောက်လောက်လေးနဲ့...ဆရာကြီးစတိုင်။
ထိုအချိန် ယမကာဂမုန်းက အိမ်ပေါ်ထက်မှ လက်ဖက်ပန်းကန်နဲ့အတူ ထန်းရည်အိုးကိုကိုင်ကာ သူတို့အနားလာထိုင်သည်။

"ရော့...လက်ဖက်စား...ထန်းရည်ကငါ့အတွက်..."

ပြောပြီး အိုးလိုက်တကျိုက်မော့သည်။

"ကဲ...ဖိုးခွား ကဗျာစာသားမှားနေလို့...မင်းကိုကြီးသစ်မင်းကပြန်ပြန်ရွတ်ပြနေတာလား...ဆိုကြည့်စမ်း..ကိုကြီးဂမုန်း နားထောင်မယ်.."

~~~ဆွမ်းအုပ်နီနီ တိုကြီးသစ်မင်း ရွက်လို့...နက်ဖြန်တဘက် ကျောင်းတတ်မယ်..

မောင်လည်းလိုက်မယ် ချန်...~~~

ခွီးးးးး

"ဖိုခွား...ကိုကြီးက ဘယ်ကဆွမ်းအုပ်ကိုရွက်ရမှာလည်း.."

"တိုကြီးက သားအမိုး ဆို..."

ဂမုန်း မနေနိုင်အောင်ခွီးးးမိသည်။ ဒါကိုသစ်မင်းမောင်က သူ့ကိုမကျေနပ်သလိုလာကြည့်တော့ ကျုပ်ကလည်း ဘာလဲ ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်ပါ့လိုက်တယ်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now