အပိုင်း(၁၃)

14.3K 1.2K 53
                                    

                       Unicode

ပဒီးကုန်း...ကျုပ်နေတဲ့ ပဒီးကုန်းဆိုတဲ့ဒီရွာလေးမှာ ထန်းတောမရှိဘူး။ ချက်အရက်ဆိုင်လေးတစ်ဆိုင်သာရှိသည်။
ထန်းတောက ဒီနယ်တကျော့မှာ ကတွယ်ရွာတွင်သာရှိသည်။ရွာချင်းကလည်း ကပ်ရပ်မို့ထန်းရည်သောက်မယ်ဆိုရင် ကတွယ်ရွာကိုသာပြေးကြရသည်။
ပြီးတော့ ကျုပ်က အရက်မသောက်ဘူး။
ထန်းရည်လောက်ပဲသောက်နိုင်သည်။ထန်းရည်အခါး ၁မြူ(၁အိုး)လောက်ဆိုသူ့အတွက်လုံလောက်သည်။
အခုလည်း ကတွယ်ရွာရှိ အရီးဌေးလှိုင်ထန်းတောမှ ယမကာဂမုန်းဒယိမ်းဒယိုင်ပြန်လာသည်။
လူလည်း တော်တော်ရေချိန်ကိုက်နေပြီမို့ စီးလာတဲ့ဆိုင်ကယ်ကို ထန်းတောမှာပဲထားခဲ့ပြီး လူကလမ်းလျှောက်ကာပြန်လာသည်။

ရွာထဲတွင် ကျေးငှက်အသံများ၊ ခွေးဟောင်သံများ၊ ကစားနေကြတဲ့ကလေးအော်သံများနှင့်ဆူညံနေကြ၏။
ကျုပ်အိမ်က ရွာမြောက်ပိုင်းမှာ။လမ်းတစ်လျှောက် လျှောက်လာလိုက်တာ ရွာထိပ်တောင်ရောက်တော့မယ်။

အူဝဲ....အူဝဲ...အူဝဲ...

ကလေးငိုသံ။ ဂမုန်း ကြားလိုက်မိသည်။ဒါမှမဟုတ်သူ မူးမူးနှင့်ကြားချင်ရာများကြားနေမိတာလား။
ဟက်...ရူးနေလား ဂမုန်း။ကြားစရာရှားလို့ ကလေးငိုသံတဲ့လား..။
ဂမုန်းလည်းစိတ်ထင်သည် ထင်၍ကိုယ့်လမ်းကိုယ်သာဆတ်လျှောက်သည်။

အူဝဲ...အူဝဲ... အူဝဲ..

မဟုတ်ချေတော့။ဒုတိယံပိကြားရခြင်းဟာ စိတ်ထင်တာမဟုတ်တော့ ဂမုန်းပုဆိုးကိုပြန်ပြင်ဝတ်ပြီး ဘေးဘီဝဲယာရှာနေမိသည်။

"အဲ....အူးးးး...အွန်...ခစ်..ခစ်.."

အသံကြားရာလျှောက်ရှာမိတော့ ဝါးရုံပင်အောက်တွင် အနှီးဖြူဖြင့်ထုတ်ပိုးထားသော ကလေးလေးတစ်ယောက်။
ဂမုန်းလည်းအနားသို့အမြန်သွားပြီး ကလေးကိုပွေ့ယူရန်လက်အလှမ်း။

ဟင်...ကလေးကိုသူ့ထက်အရင်ဦးစွာကောက်ချီသွားသောလက်တစ်စုံ။
ဘာလဲ !!ဂမုန်း မော့ကြည့်တော့ ဟိုခွေးကောင် သစ်မင်းမောင် ကလေးလေးကိုချီပြီးမြူနေသည်။

"ဟေ့ကောင် ပြန်ပေးအဲ့ကလေး ငါအရင်တွေ့တာ.."

"မင်း ီးစကားမပြောနဲ့ဂမုန်းပင်..ဒီကလေးငါအရင်တွေ့တာ.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now