အပိုင်း(၃၀)

14.3K 1K 77
                                    

                       Unicode

သစ်မင်းမောင် နှင့်ယမကာဂမုန်းတို့ ဘုန်းတော်ကြီးကျောင်းသို့သွားကာ လိုအပ်တာတွေကိုဝိုင်းကူလုပ်ပေးကြသည်။
ရွာဘုရားပွဲမို့ ကာလသားခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ သူတို့နှစ်ယောက်တာဝန်ဖြစ်သည်။
ထိုနောက် ကလသားလူပျိုအားလုံးကို မဏ္ဍိုပ်ဆောက်သူကဆောက်...ထင်းခွဲသူကခွဲ နှင့်အားလုံးကိုတာဝန်အသီးသီးပေး၏။
ပြီးတော့ ဘုန်းဘုန်းဆီကိုသူတို့နှစ်ယောက်သွားကာ..။

"ဘုန်းဘုန်း ဘုရား...ဖိုးခွားလေးကိုရှင်ပြုတဲ့နေရာမှာ သားတို့ကိုမိဘနေရာမှာထားပေးပါဗျ..!!"

"ဟေ!!..."

သစ်မင်းမောင်၏ စကားကြောင့်ဘုန်းဘုန်းအံ့သြ သွားရတယ်..။
မတည့်တဲ့နှစ်ယောက်က အခုဆိုရန်ဖြစ်သံလည်းမကြားရသလို...အမြဲလည်းတတွဲတွဲနှင့်..။

"အေးအေး...ပြီးရော..ဒါနဲ့အမေနေရာကဘယ်သူလဲ.."!

"အစကတော့ တပည့်တော်ကဖိုးခွားရဲ့အဘနေရာမှာပါဗျ...ဒါပေမယ့် ဟိုညကပဲ ဖိုးခွားရဲ့အမိုးဖြစ်သွားပါပြီ...အဘ နေရာကိုတော့ တပည့်တော် သစ်မင်းမောင်ကို ပေးလိုက်ပါပြီဘုရား.."

"ဟေ!!"

ဂမုန်းကလက်အုပ်ချီပြီး ဆိုသည်။ဘေးမှာထိုင်နေတဲ့ သစ်မင်းမောင် ကသဘောတကျပြုံး၏။
ဆရာတော်ကတော့ ပြောသမျှဘာတစ်ခုမှနားမလည်ကာ..ဟေ တစ်လုံးတည်းသာဆိုနိုင်သည်။
ဘုန်းဘုန်း က ဖိတ်စာရိုက်ရင် အဖေ...အမေနေရာကို သူတို့ကိုထားပေးမယ်ပြောသည်။
ထိုကြောင့် လုပ်စရာများလည်းပြီးနေပြီမို့ သစ်မင်းနှင့်ဂမုန်း ပြန်လာကြ၏။

"ဂမုန်းပင်...မောင်နဲ့ ချောင်းကူးတံတားကိုသွားကြအောင်..!!"

"ဘာလုပ်မလို့လဲ.. !!"

ဂမုန်းက နားမလည်သလိုမေး၏။
သစ်မင်းမောင် ပြုံးမိကာ..။

"အခုဆို မောင်တို့က ချစ်သူတွေဖြစ်သွားပြီလေ...နှစ်​ယောက်တည်းချစ်စကား..ကြိုက်စကားလေးတွေပြောကြရအောင်..!!"

"ပိုပြန်ပြီ..!!"

"မပိုပါဘူးဗျာ...လိုတောင်လိုနေသေးတယ်..!!"

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now