အပိုင်း(၄၀)

10.8K 790 52
                                    

Unicode

စဣန့်တွေ ၊ မိနစ်တွေ၊ နာရီတွေ ၊ရက်တွေအလီလီပြောင်းချေပြီ။
အခုဆိုရင် အချိန်အားဖြင့်၁လ တောင်ကုန်ဆုံးသွားပြီဖြစ်သည်။အားလုံးဟာလည်းပြောင်းလဲသွားသလောက်ရှိသည်။
သို့ပေမယ့် ပို၍ ပြောင်းလဲသည့်အရာနှစ်ခုတော့ရှိ၏။
ထိုအရာတွေက ရွာထဲတွင်ပျောက်ချင်းမလှပျောက်နေသော ဟိန်းစိုး။ထိုအပြင်သစ်မင်းမောင်နှင့်ယမကာဂမုန်း တို့၏မဂ်လာလက်ထက်ပွဲဖြစ်သည်။
အခုဆိုရင် ဖိုးခွားလေးလည်း လူထွက်ပြီး ရွာထဲချွေးတစ်ရွှဲရွှဲနှင့်လိုက်ဆော့နေတတ်သည်။

ရွာထဲတွင်လည်း စိုးစိုးက အလှပြင်ဆိုင်နှင့်အထည်ဆိုင်လည်းဖွင့်ပြီးပြီ။
မြရီနဲ့ခင်ထား နဲ့ကလည်းလူကြီးတွေကိုသူတို့၏ ပတ်သတ်မှုများကိုဖွင့်ချပြောပြပြီးလေပြီ။
လူကြီးတွေအားလုံးအစပိုင်းကအံ့သြ ကြပေမယ့် လူငယ်တွေ၏ မေတ္တာရေးမို့ ကန့်ကွက်တဲ့သူမရှိချေ။
လူကြီးတွေကလည်း သဘောတူသည်မို့ ခင်ထားသည် မြရီကို သူကြီးဆီမှ တင့်တောင်းတင့်တယ်ဖြင့် လာတောင်းရမ်းပါလိမ့်မည်။

သို့ပေမယ့် စိုးစိုး သည်အခုချိန်အထိ သူ့၏အိမ်တွင်းရှိနတ်များဖြင့် ရန်ဖြစ်လို့မဆုံးသေးချေ...။

"စိုးစိုးကိုကျ ဘာလို့ လင်ရအောင်'မ' မပေးတာလဲလို့....စိုးစိုးလည်းချစ်တတ်တဲ့နှလုံး ပါပါတယ် အဲ နှလုံးသားပါပါတယ်...စိုးစိုး ဟော်ဒီကကြက်ကြော်ကို နတ်မင်းကြီးအားလုံးကိုဆတ်သပါတယ် စိုးစိုး ဘာမှဆုမတောင်းပါဘူး...စိုးစိုးကို လင်တစ်ယောက်ရအောင်ပဲ 'မ'ပေးကြပါ စိုးစိုးလင်လိုချင်လို့ပါ.."

ကြက်ကြော်ဗန်းကြီးကို စာပွဲပေါ်ချပြီး စိုးစိုးတစ်ယောက်ပြောချင်တာတွေပြောနေသည်။
ထိုအချိန် မြရီနဲ့ခင်ထား အိမ်ပေါ်တတ်လာသည်။
အိမ်ရှေ့ခန်းတွင် ကြက်ကြော်ဗန်းကြီးရှေ့ချကာ ပွစိပွစိနဲ့ပြောနေသော သူမ၏မောင် ကျော်စိုး(စိုးစိုး)၏ ပခုံးကိုမြရီခပ်ဆတ်ဆတ်လေးပုတ်လ်ုက်တယ်။

"ရှူးးးးးးးဘာလာရှုပ်တာလည်း...ငါဒီမှာ နတ်တွေနဲ့စကားပြောနေတယ်..."

"စိုးစိုး....နင်ဘာတွေအရူးထနေတာလဲ ဟမ်.."

"အမြရယ်...ငါလင်မရလို့ခေါင်းကိုက်နေရတဲ့အထဲ နင်ကဘာတွေလာပြီးပြောနေတာလည်းဟာ... ခင်ထား နင်ဟာမကိုနင်ခေါ်သွား..."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now