အပိုင်း(၁၆)

13.9K 1K 43
                                    

                          Unicode

ကြောက်စိတ်ကြောင့် လူဟာအခုထိကတုန်ကယင်ဖြစ်နေတယ်။ပျော့စိစိနှင့် ထိုအကောင်ကြီးကို ပြန်တွေးမိတိုင်း သစ်မင်းမောင် အော်ငိုချင်မိသည်။

"မင်းပြောတော့ ယောကျာ်းဆို ယောကျာ်းဆိုဘာလို့အဲ့လောက်ကြောက်တတ်နေရတာလဲ.."

" ဟ!! ီးလိုပဲ...ယောကျာ်းလည်းအသဲ၊နှလုံးနဲ့ကွ...ကြောက်တတ်တယ်..ယောကျာ်းဆိုတိုင်းမကြောက်ရဘူးလို့ ဘယ်သူအမိန့်ထုတ်ထားလို့လဲ.."

သူ့ကို ခနဲ့သလိုလိုလှောင်ကာ ဂမုန်းကြည့်နေခြင်းကြောင့် သစ်မင်းမောင် မခံချင်စိတ်ဖြစ်ကာ ပက်ခနဲပြန်ပြောသည်။

" ငါ ီုးမသားရဲ့...ဖိုးခွားအိပ်နေတယ် မင်းစောက်သံကိုနည်းနည်းတိုးထားစမ်း..."

ကလေးအိပ်နေတာ နိုးသွားမှဖြင့်။
သစ်မင်းမောင်ဆိုတဲ့ ီးကောင်ကလေ နည်းနည်းလေးမှအလိုက်ကမ်းဆိုးမသိဘူး။
သူများအိမ်လည်းလိုက်လာသေးတယ်..။

" ဟျောင့်! !မင်းပြန်တော့...ငါလည်းအိပ်တော့မှာ.."

" မောင်.. မပြန်ချင်ဘူး ဂမုန်းပင်... "

"ဘာ!! ီးလိုပဲ...ီးကိုမောင်လား ခွေးသူတောင်းစား ရဲ့...ပြန်...မင်းကမပြန်ချင်ရအောင် ဒါမင်းအိမ်မဟုတ်ဘူး.."

"ဂမုန်းပင်... !"

မျက်လုံးဝိုင်းကြီးများဖြင့် သစ်မင်းမောင်က ဂမုန်းကိုခေါ်သည်။

"ချီးးး ီးလိုပဲကွာ...သစ်မင်းမောင်ရာ.. ငါနာမည်က အမိုးမှည့်ပေးထားကတည်းက ယမကာဂမုန်း... ထက်ပြောမယ်...ငါ့နာမည် ယမကာဂမုန်းကွ...ဂမုန်းပင် မဟုတ်ဘူး.."

"ဒါပေမယ့် ငါက ဂမုန်းပင် လို့ခေါ်ရတာပဲကြိုက်တယ်..."

ကျစ်!!..

ဂမုန်းကစိတ်မရှည်စွာ စုတ်သတ်မိသည်။
ဒီကောင်ဘာ စောက်အရစ်တွေရှည်နေသည်မသိ။

"ဟေ့ကောင်.. နှုတ်ခမ်းမွှေးနဲ့လူ့ငနွားပြန်တော့...ဒါလူအိပ်ချိန်ကွ..."

" ငါ...အိမ်မှာတစ်ယောက်တည်းမို့ မအိပ်ရဲဘူး...ငါ့ကိုဒီမှာတစ်ညလောက်ပေးအိပ်ခိုင်းပါ...ဂမုန်းပင်ရာ...နော်...နော်လို့...ငါအိမ်မြှောင်ကြောက်လို့ဟ...မတော်လို့အိပ်နေရင်း အိမ်မြှောင်ကျလာမှဖြင့်...။ငါလန့်ပြီးသေရင် မင်းရန်ဖြစ်ဖို့ အဖော်မရှိပဲနေလိမ့်မယ်...နော်.. ငါ့ကိုပေးအိပ်ပါကွာ.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now