အပိုင်း(၄၂)

11K 762 63
                                    

                         Unicode

ထန်းတပင်မြို့နယ် ဆေးရုံ....။

အရေးပေါ်အခန်းတစ်ခု၏ရှေ့တွင်စိုးရိမ်ပူပန်စွာဖြင့်ခေါက်တုန့်ခေါက်ပြန် လျှောက်နေသော လူငယ်လေးတစ်ဦး။
ထိုသူသည်ကား...သစ်မင်းမောင် ဖြစ်၏။
အခုဆိုရင် ဂမုန်းပင်ကို အရေးပေါ်ခန်းထဲခေါ်သွင်းသွားတာ ၁နာရီလုလုပြည့်တော့မယ်...အခုထိဘယ်သူမှထွက်မလာသေး။
သစ်မင်းမောင် ၏စိတ်တွေအစိုးမရစွာ တုန်လှုပ်နေသည်။
ဟင့်အင်း....ဂမုန်းပင်ကို ဘာတစ်ခုမှဖြစ်ခွင့်မပေးနိုင်ဘူး။
သစ်မင်းမောင်ဆိုတဲ့ကျုပ်ရဲ့အပိုင်ကို သေချင်းတရားကိုတောင် မပေးနိုင်။
မောင်ပိုင်တဲ့ ဂမုန်းပင်က အမြဲတမ်း...မောင့်အပိုင်ပဲ။

သစ်မင်းမောင်သည် အခန်းထဲမျှော်မျှော်ကြည့်ကာ ချီတုန်ချတုန်ဖြစ်နေ၏။
အဘက ကုလားထိုင်ပေါ်တွင် ဘုရားစာများရွှတ်ဆိုလို့နေသည်။
ဖိုးခွားလေးက ငိုယိုလို့မောသွားသည်နှင့်တူသည် ခင်ထား၏ပေါင်ပေါ်တွင် ခေါင်းလေးစဥ်းကာ အိပ်ပျော်သွားချေပြီ။
လုပ်ပါ...ဂမုန်းပင်ရယ် မောင့်အတွက်မဟုတ်ရင်တောင် ဖိုးခွားလေးအတွက်ဖြစ်ဖြစ်ပြန်ပြီးနိုးထလာခဲ့ပေးပါ..။

ထိုအချိန် အရေးပေါ်အခန်းထဲမှ ဆရာဝန်ကြီးထွက်လာ၏။
သစ်မင်းမောင် လည်းအလောတကြီးဖြင့် ဆရာဝန်ကြီး၏အနားသို့ပြေးသွားလိုက်တယ်။
ထိုအတူ အဘပါ သူတို့အနားသို့လျှောက်လာသည်။

"ဒေါက်တာ.... ကျွန်...ကျွန်တော့်ဂမုန်းပင် ရဲ့အခြေအနေလေး..."

"ဟုတ်ကဲ့... လူနာဘေးကင်းသွားပါပြီ..လူနာရှင်တွေဝင်ကြည့်ချင်ရင်ဝင်ကြည့်လို့ရပါပြီ.."

ဆရာဝန်ကြီးကပြုံးရွှင်သွာပြောသွားတာကြောင့် သစ်မင်းမောင်၏ရင်ထဲတွင်ဆို့နေသော အလုံး ကြီးမှာလျောလျောရှူရှူကျဆင်းသွားသည်။
တော်သေးတာပေါ...မောင့် ဂမုန်းပင်ဘာမှမဖြစ်လို့...။
ဆရာဝန်ကြီးထွက်သွားတော့..သစ်မင်းမောင် အခန်းထဲအပြေးတပိုင်းဝင်လာမိသည်။
ကုတင်ပေါ်တွင် လဲလှောင်းကာအိပ်စက်နေသော ဂမုန်းပင်၏မျက်နှာလေးကို မျက်တောင်မခပ်ပဲစိုက်ကြည့်နေမိသည်။
ထိုနောက် ကုတင်းဘေးစွန်းတွင်ဝင်ထိုင်ကာ ယမကာဂမုန်း၏လက်ညိုညိုလေးကို တယုတယဆုတ်ကိုင်ထားမိသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now