အပိုင်း(၂)

27K 1.8K 71
                                    

                        Unicode

ယမကာဂမုန်း ချိန်သီးအိမ်မှ ကိုရံကြီးဂမုန်းပင်ပျိုးယူပြီး အိမ်ကိုအမြန်ပြန်ရန်ဆိုင်ကယ်ကို ခပ်မြန်မြန်မောင်းလာ၏။
ညနေ၅နာရီလောက်ဖြစ်နေပြီမို့ အိမ်ကနွားတစ်ရှဥ်းကို ပြန်သိမ်းရတော့မည်။
မြက်စားရန် မနက်ထဲကလွှတ်ထားခဲ့တာမို့ အဘ သိရင်သူတော့အဆူခံရဦးမယ်။
သောက်ထားတဲ့ ထန်းရည်အရှိန်လေးလည်း မရှိတော့ ဒါပေမယ့် ဟိုခွေးသူတောင်းစားကိုတော့ ဒေါသအရှိန်မပြယ်သေး။

ရုပ်က ပြောင်စပ်စပ်၊ နှုတ်ခမ်းမွှေးက ငါးခူနှုတ်ခမ်းမွှေး နဲ့ ကျက်သတုန်းကောင်။
စောက်ခွက်ကိုဖျက်ရိုက်ချင်စရာကောင်းလွန်းလှတယ်။
ဘယ်ဘဝက ရေစက်ကြောင့်ဒီသူတောင်းစားနှင့် အိမ်မျက်နှာချင်းဆိုင်နေရသည်မသိ။ဟူးးးးးးစိတ်ရှုပ်ဖို့ကောင်းတဲ့ကောင်။
ကျက်သရေမရှိတဲ့ သူတောင်းစားအ​ကြောင်းစဥ်းစားလာလိုက်တာ ရွာထဲတောင်ရောက်နေပြီ။
အိမ်ရှေ့တွင်ဆိုင်ကယ်ထိုးရပ်ပြီး မျက်နှာချင်းဆိုင်အိမ်ရှေ့ကို တစ်ချက်လှည့်ကြည့်လိုက်၏။
ရေနံချေးဝအောင်သုတ်ထားတဲ့ သစ်သားအိမ်ကြီးထဲဝယ် မည်သူမှရှိမနေ။
ဂမုန်းလည်း ဆိုင်ကယ်ပေါ်ကဆင်းပြီး ယူလာတဲ့ပျိုးပင်ကို အသာမပြီး ဝိုင်းထဲသာဝင်လာ၏။
အိမ်ရှေ့ ကွပ်ပစ်ပေါ်တွင် အဘက 'မယ်ဖူး' ဆေးပေါလိပ်ကို ခဲ ပြီ ကျုပ်ကိုခရီးဦးကြိုပြုသည်။

"အမလေး....ငါ့သားအိမ်ပြန်လာသေးတာပဲဟ.."

"ကျုပ်ကအိမ်ပြန်မလာလို့ ဘယ်သွားရမလဲ အဘရဲ့..."

"မင်း...အိမ်ကနွားတွေပစ်ထားပြီး ဘယ်ကိုသဝေထိုးနေတာလဲ ယမကာဂမုန်း.. ဟိုမှာ မောင်သစ်မင်းတောင် နွားတွေပြန်သိမ်းဖို့လယ်ထဲဆင်းသွားပြီ"

အဘက ဆေးလိပ်ကိုတစ်ချက်ရှိုက်ဖွာပြီး မေးပြန်သည်။
အဘကလည်း သိရဲ့နဲ့...လေရှည်ပြီးမေးနေပြန်ပြီ။
ကိုယ့်သားက ထန်းတောရယ်၊အိမ်ရယ်၊လယ်ထဲရယ်သာရှိနေတတ်တာကို။

"ကျုပ် ထန်းတောကိုသွားနေတာဗျ...အခုတောင်ညီလေးချိန်သီးတို့အိမ်က ဂမုန်းပင်တောင်ပျိုးယူလာ​သေးတယ်...ကျုပ်ပြီးရင် နွားတွေသွင်းလိုက်ပါ့မယ်ဗျာ လောလောဆယ်တော့ အပင်လေးစိုက်လိုက်ဦးမယ်... ဒါနဲ့ ဖိုးခွားတစ်ယောက်ကော မတွေ့မိပါလား.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now