အပိုင်း(၂၈)

14.1K 1K 134
                                    

                         Unicode

သီးစုံပဲကုလားဟင်း နဲ့ထမင်း၂ပန်းကန်စားလိုက်တာကြောင့် ဗိုက်တင်းကာ ထမင်းဆိပ်ကတတ်လာသည်။
လူအများစုတွေမှာအကျင့်တစ်ခုတော့ရှိကြတယ်ဗျာ...ဆာရင်စားတယ်..စားပြီးရင်ဗိုက်တင်းတယ် ဗိုက်တင်းရင်အိပ်ချင်တယ်။
အဲ့လိုပဲ သစ်မင်းမောင် ဆိုတဲ့ကျုပ်လည်း ဗိုက်တင်းပြီးအခုဆိုအိပ်ချင်နေပြီ။
အချိန်ကိုကြည့်တော့ ၁၀ နာရီစွန်းစွန်း။
အဘကတော့ အိပ်ချေပြီ။
အင်တာနက်သုံးရအောင်လည်း လိုင်းကမိတစ်ချက်မမိတစ်ချက်ဆိုတော့ ကျုပ်လည်း အိပ်ယာထက်လှဲပြီး ညနေက ခင်ထားကူးပေးခဲ့တဲ့ ဇာတ်ကားကြည့်ရန် Video ထဲကိုဝင်လိုက်တယ်။
အဲ့လိုပဲ အဂ်လိပ်လိုNew လို့ပေါ်နေတဲ့ အမည်းကွက်လေးကိုနှိပ်လိုက်တယ်...။

"အားးးးးး!!အ့....!! အ့...! ဟင်းးးးးအ့!!"

"လခွမ်းးးးး!! ဘာကြီးလဲဟ..."

ဇာတ်ကားကြည့်ဖို့နှိပ်တာလေ ဘာလို့ အော်သံကြီးနဲ့ ယောကျာ်းနှစ်ယောက်ဆက်ဆံနေတာကြီးပေါ်လာတာလဲ...။
မသေချာသေးလို့ နောက်အပုဒ်များကိုဖွင့်ကြည့်ပေမယ့် ထိုအတိုင်းအော်ဟစ်သံများနှင့်ဆက်ဆံနေကြသော ဇာတ်ကားများသာထွက်လာသည်။
သစ်မင်းမောင် ပထမဆုံးမြင်ဖူးခြင်းမို့ ဇောချွေးများပြန်လာကာ...လက်များဟာလည်းတုန်ရင်ကာနေသည်။
ခင်ထား...ခင်ထားက သေချာကြည့်ရန်မှာသွားသေးသည်။
ဒါမှမဟုတ် မှားပြီးများကူးပေးသွားတာလား??

သစ်မင်းမောင် စဥ်းစားမရစွာ ဖုန်းအသံကိုတိုးပြီး ထိုဇာတ်ကားကြီးကို ဆတ်ကြည့်ရမလို၊ မကြည့်ရဘူးသလိုနှင့် ဗျာများနေသည်။ထိုအချိန် ခေါင်းထဲသို့ ဝင်လာသော သတိတရား။
အမလေး...ငါဇာတ်ကားဆိုပြီး ဂမုန်းပင် ကိုကူးပေးလိုက်မိပြီ...သူသာကြည့်မိသွားရင် ကျုပ်တော့ အဖြေမရပဲ အထိုးခံရမှာအသေအချာ။
မဖြစ်ဘူး ဂမုန်းဆီအမြန်သွားပြီး ဒီဇာတ်ကားတွေကိုဖျက်ခိုင်းရမယ်...။
ကျုပ်ကတော့ လိုရမယ်ရ သိမ်းထားလိုက်ပါဦးမယ်..။

ဖုန်းမီးကိုဖွင့် ပုဆိုးကိုပြင်ဝတ်ကာ...ဂမုန်းတို့ဝိုင်းထဲခြေဆန့်သည်။
အခု ကိစ္စကအရေးကြီးသည်မို့...သရဲကြောက်တတ်တဲ့စိတ်တောင်ဘယ်ဆီနေမှန်းမသိ။
အရင်ကဆို လူခြေတိတ်ရင် သစ်မင်းမောင်တို့ အိပ်ခြံဝိုင်းထဲတောင်မထွက်...။
ကုတ်ကုတ်က​လေးဖြင့် ဂမုန်းရှိရာအနောက်ခန်းဘေးသို့ သစ်မင်းမောင် တိုးကပ်လာသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now