အပိုင်း(၁၄)

14.4K 1.1K 40
                                    

                         Unicode

လယ်ထဲရေတင်ပြီးတာကြာပြီမို့...လျှိုချောင်းတွေထဲမှ ကွင်းငါးများဝင်နေချေပြီ။
ငါးရံ့ ၊ငါးပြေမ ၊ ငါးဖီးမ စတဲ့ငါးလေးတွေရလိုရငြား သစ်မင်းမောင်တို့သူငယ်ချင်းအုပ်စု ငါးဖမ်းရန်ထွက်ခဲ့ကြသည်။
ငါးထည့်ပလိုင်းကို ဘေးတစောင်းလွယ်ပြီး သူရယ် တိုးကြီးရယ် ဆားရေဆိမ်ရယ် ထွက်ခဲ့ကြ၏။

"သစ်မင်းမောင်..ငါတို့လျှို့ဝှက်နေရာကို ဟိုကောင် ယမကာဂမုန်းတို့များအရင်ရောက်နေပြီလားမသိဘူးနော်.."

"အေးဟုတ်သား...အရင်ထဲကမှ အဲ့ခွေးကောင်ကအရင်လက်ဦးနေတာ ဒီတစ်ခါအရင်ဦးလို့မဖြစ်ဘူး...သားကြီးတို့ လာ..မြန်မြန်သွားကြမယ်.."

သစ်မင်းမောင် တို့အုပ်စု တသုတ်သုတ်ဖြင့်ထွက်လာခဲ့ကြတယ်။
ဟိုကိုရောက်တော့ ထင်နဲ့အတိုင်း ဟိုခွေးကောင်အုပ်စုက အရင်ဦးနေကြသည်။
စွပ်ကျယ်အဖြူဝတ်ထားတဲ့ ယမကာဂမုန်းတစ်ကိုယ်လုံးရွံ့တွေပေကျံကာ အကျီအဖြူမှနွံရောင်တောင်ပေါက်နေပြီ။
သာလှနဲ့အောင်းမောင်းကလည်း ပုစွန်းလုံးနှိုက်နေတာ ဖင်ကိုထောင်လို့..။

" ဟျောင့်... ယမကာဂမုန်း.. မင်းငါ့တို့လာမယ်မှန်းသိလို့ မင်းကြိုပြီးရောက်နေတာမလား.."

သစ်မင်းမောင် ကခါးထောက်ပြီးဆိုသည်။
သစ်မင်းမောင် အသံကိုကြားတော့ ဂမုန်းကခေါင်းမော့ကာကြည့်ပြီး..။

"မင်းီးစကားတွေသိပ်ပြောတာပဲနော်...ကိုယ့်ကိုကိုယ် $အထင်တွေကြီးပြီး ဖင်ခေါင်းမstar နဲ့...ဖင်မယားနဲ့ ီးကောင် ဖင်ယားတာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတယ်..."

" ငါဘာသာဖင်ယားတော့ဘာဖြစ်လဲ...ငါမင်းကိုလာ ီုးနေလို့လား ဟမ်!! ဖင်ယားတော့ရော မင်းလက်နဲ့ကုတ်ပေးရလို့လား..."

သစ်မင်းမောင်ပြောတော့ ဂမုန်းက မဲ့ကာဆိုသည်။

"အေးဟုတ်တယ်...ငါမင်းရဲ့တင်ပါးဖြူဖြူလေးကိုကုတ်ချင်တယ်ဆိုရင်ရော မင်းဘာလုပ်မလဲ...ပြီးတော့ ဘယ်ဘက်တင်ပါးက မှဲ့နက်ကလေးကိုလည်းတစိမ့်စိမ့်ကြည့်ရင်း..."

"ဟေ့ကောင်...ခွေးသူတောင်းစား ဂမုန်းပင် မင်း...မင်း...နှာဘူးကောင် ငါတင်ပါးမှာမှဲ့ရှိမင်းဘယ်လိုလုပ်ပြီး သိလဲ.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now