အပိုင်း(၃၃)

12K 933 62
                                    

                          Unicode

ဂမုန်းလည်းရှက်ရှက်နှင့်သာ ထွက်လာပြီး ကတွယ်ရွာရှိထန်းတောသို့ ဆိုင်ကယ်နဲ့ထွက်လာခဲ့တယ်။
သူတို့ချိန်းတွေ့တဲ့ အဖြစ်ကိုပြန်စဥ်းစားကြည့်မိပြန်တော့ မပြုံးပဲမနေနိုင်။
ထန်းရည်က သောက်ဖို့အစီအစဥ်မရှိပေမယ့်...ကတွယ်ရွာကအဆိုးလေး အဖူးက ရင်ဖွင့်စရာရှိလို့တဲ့ဆိုတာကြောင့် သူထွက်လာမိသည်။
ရင်ဖွင့်စရာဆိုရင်တော့ သေချာပေါက်နှလုံးသားရေးရာ ကိစ္စပဲဖြစ်လိမ့်မယ်။
အရင်ရက်တွေက ထန်းတောကိုသိပ်မလာတော့တဲ့ အဖူးတစ်ယောက် ဒီရက်ပိုင်းတွင်တော့ ထန်းတောကိုခြေစိပ်နေတတ်သည်။
အသက်ဖြင့် ၁၈နှစ်လောက်ပဲရှိသေးပေမယ့် သူတော်တော်သောက်နိုင်သည်။

ထန်းတောကိုရောက်တော့ ထုံးစံအတိုင်းထနောင်းပင်အောက်တွင်ဆိုင်ကယ်ကိုရပ်ပြီး...ဆေးရိုးပင်အောက်တွင် ထိုင်ကာထန်းရည်အိုးထဲခေါင်းစိုက်နေသော အဖူး ဆီသို့သူလျှောက်သွားလိုက်တယ်။
ကျစ်!! မမြင်ချင်တဲ့စောက်ခွက်က သူတို့ဝိုင်းနှင့်ခပ်လှမ်းလှမ်းကပိတောက်ပင်အောက်တွင် ထိုင်နေသည်။
ကျက်သရေ တကယ်တုံးလှသည်။
သူသွားရာနေရာမှန်သမျှ ဟိန်းစိုး နှင့်လွတ်သည်ဆိုတာမရှိ။
အဲ့လိုသူဒီမှာရှိနေမယ်မှန်းသိရင် အဖူး ခေါ်တာကိုသူမလာပါ။
သစ်မင်း​ ကိုခေါ်မလာမိတာ မှားပြီထင်ပါရဲ့။

လှည့်ပြန်သွားရအောင်လည်း အဖူး ကရေချိန်ကိုက်နေပြီမို့ ဟိန်းစိုးနှင့်တွေ့ရင်ပိုပြီးဆိုးကြလိမ့်မည်။
အဖူးကလည်း ကတွယ်ရွာက ရွာဇော်မို့ ထစ်ခနဲဆို လက်ပါစမြဲ...ဟိန်းစိုး နှင့်လည်းအဖူးက ရန်ပြဿနာရှိခဲ့ဖူးသည်။

ဟိန်းစိုး ဂမုန်းကိုတွေ့တော့ မျက်တောင်မခပ်ပဲစိုက်ကြည့်နေသည်။
သူစိတ်ညစ်နေတာဟာ ယမကာကြောင့် ပျောက်ချင်းမလှပျောက်ခဲ့ပြီ။
သူဘေးမှာ ခွေးတစ်ကောင်လိုလိုက်ကပ်နေသော သစ်မင်းမောင် ပါမလာတာကြောင့် ဒါဟာသူ့အတွက်မဟာအခွင့်အရေး။

နေဦး။ ယမကာက သူနဲ့ရန်ညှိုးရှိခဲ့ဖူးတဲ့ ပေဖူးလွှာနှင့် ထိုင်နေသည်။
အခြေအနေကိုအရင်စောင့်ကြည့်မှဖြစ်မယ်..။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now