အပိုင်း(၅)

17.7K 1.3K 48
                                    

                      Unicode

ရန်ဖြစ်ခြင်းအကျိုးအားကြောင့် သစ်မင်းမောင်နှင့်ယမကာဂမုန်း သူကြီးဦးတင်စိန်အိမ်သို့ရောက်လာသည်။
အဘတို့ကလည်း ဆရာတော်ရဲ့အမိန့်မို့ ဘာတစ်ခုမှဝင်မပြောချေ။ခုလိုထိပ်တုံးခတ်ခံရတာတောင် ပိုပြီးဝမ်းသာနေကြ၏။
သူကြီးရဲ့ အမြဲရေနံချေးသုတ်ထားသော သစ်သားထိပ်တုံးကြီးနဲ့သူတို့ခြောက်ယောက် နှစ်ပါးသွားရတော့မည်။
ဒီကိစ္စတွေက ဟိုခွေးသူတောင်းစား သစ်မင်းမောင် ကြောင့်ဟု ယမကာဂမုန်း တွေးနေမိ၏။
ထို့အတူပဲ သစ်မင်းမောင် လည်း ဒီလိုထိပ်တုံးခတ်ခံရခြင်းက ဂမုန်းကြောင့်ဟု စိတ်ထဲကနေ မေတ္တာတွေပို့နေသည်။

အင်းးးးဒါပေမယ့်လည်း ​တစ်​ခုတော့ကောင်းပါတယ်လေ သူကြီးရဲ့သမီးလုံးကြီးပေါက်လှ ရွာရဲ့ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင် အပျိုချောလေး မြရီ ကိုသူတို့အိမ်အောက်ကနေပိုးပန်းရတော့မယ်။
ယမကာဂမုန်း တွေးပြီး ရန်ဖြစ်ရခြင်းကိုကျေးဇူးတင်နေမိပြန်သည်။

သစ်မင်းမောင် လည်း မြရီရဲ့သူငယ်ချင်းမလေး မြို့ကြီးသူ ခင်ထား ကိုတိတ်တခိုးပိုးပန်းနေသူမို့ သူလည်းအိမ်အပေါ်ကိုခဏခဏခိုးခိုးကြည့်နေသည်။
ခြင်ကိုက်တောထဲ ဒီညအိပ်စက်ရမည့်အရေးကိုတော့ သူတို့သူငယ်ချင်းတွေ စိုးရိမ်လို့ပူပန်နေကြချိန် မတည့်အတူနေ မမြင်ရင်ချောင်းကြည့်တဲ့ ဟိုနှစ်ယောက်ကတော့ နှာခေါင်းမီးတောက်နေကြသည်။
ဟူးးးးသူတို့နှစ်ယောက်မတည့်တိုင်းငါတို့ကအမြဲ ပါရမီပြည့်ဖက်ပါလားးး??

"ကဲ....မင်းတို့ဒီညတော့ ခြင်ကိုက်တောထဲအိပ်ကြပေါ့ကွာ...မင်းတို့ရန်သိပ်ဖြစ်ချင်ကြတာကိုးးးးပေါက်ကရလုပ်မယ်မကြံနဲ့နော် အိမ်ပေါ်မှာတင်ထားတာ ကိုးလုံးပုတီး၊ဆယ်လုံးပုတီးမဟုတ်ဘူး နှစ်လုံးပြူးးနှစ်လုံးပြူးးး...!!"

သူကြီးက အိမ်ပေါ်မတတ်ခင်ခြိမ်းခြောက်သွားသည်။
သူခြောက်တိုင်းကြောက်ရတဲ့အထဲ ယမကာဂမုန်း နဲ့သစ်မင်းမောင် မပါပါ။
သစ်မင်းမောင် နဲ့ဂမုန်းနဲ့ကဘေးချင်းကပ်ထိုင်ပြီးခြေထောက်တစ်ချောင်းဆီ ထိပ်တုံးအခတ်ခံရသည်။
တိုးကြီးနဲ့သာလှနဲ့ကတစ်ဖတ်။
ဆားရေစိမ် နဲ့အောင်မောင်းနဲ့ကတစ်ဖတ်ဖြစ်ကြသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now