အပိုင်း(၁၅)

14.4K 1K 14
                                    

                       Unicode

"သားရယ်...အခုတော့လူကြီးတွေအချင်းချင်းအားနာစရာတွေဖြစ်ကုန်ပြီ.."

သူကြီးအိမ်ကပြန်ခေါ်လာပြီး ဦးဘသောင်းတစ်ယောက် သစ်မင်းမောင်ကိုဆူပူနေသည်။
ဖိုးထွေးနဲ့သူနဲ့က ငယ်ပေါင်းကြီးဖော်တွေမို့ အခုလိုသားတွေအချင်းချင်းမသင့်မြတ်တာဟာ သူတို့အတွက်တစ်ယောက်ကိုတစ်ယောက်မျက်နှာပျက်စရာဖြစ်သည်။
အမြဲတမ်းရန်မဖြစ်ဖို့ ဆိုဆုံးမပေမယ့် သစ်မင်းမောင်ဟာ ယမကာဂမုန်းနှင့်တွေ့ရင် အမြဲပြဿနာဖြစ်သည်။
အခုလည်း လယ်ထဲရန်ဖြစ်လို့ ထိပ်တုံးတစ်ညမိထားတာကြောင့် မနက်မိုးလင်းတော့ဦးဘသောင်းသွားပြန်ခေါ်လာခြင်းဖြစ်၏။

"အဘရာ..ဂမုန်းပင်က ကျုပ်ဥကိုညှစ်တာကိုးဗျ...ရန်ကဖြစ်မှာပေါ့..."

"မင်းအရင် သူများဥကိုသွားကန်တာဆိုပိုမှန်မယ်မလား သစ်မင်းမောင်.. "

"အဘကို...ဘယ်သူပြောလဲ.. "

"ဟ...ငါ ဂမုန်းကိုမေးပြီးပြီ...သူကပြောတယ် မင်းကအရင်သူ့ဥကိုကန်လို့ မင်းဥကိုပြန်ညှစ်တာတဲ့...ကဲ...ကောင်းသေးသလားပြော..."

"မကောင်းဘူးအဘ...နာတယ်...ပြီးတော့အောင့်တယ်... "

"အေးမှတ်ပါ့လား...မတော်လို့တစ်ခုခုဖြစ်သွားကြည့်စမ်း မင်းဒီတသတ်လူညွှန့်တုံးပြီး မိန်းမမရတော့ပဲနေမယ်..."

"ဟွန့်!! မိန်းမတော့ယူဦးမယ် အဘရေ...မဟုတ်ရင်ကျုပ်လူပျိုကြီးဖြစ်လိမ့်မယ်.."

တစ်ခွန်းမခံပြန်ပြောနေသော သစ်မင်းမောင် ကိုဦးဘသောင်း မနိုင်ပေ။

"အဘ ဇီးဖြူကုန်းရွာကအလှူကို ညအိပ်သွားဖို့ရှိတယ်...ဖိုးထွေးနဲ့အတူသွားရမှာမို့ ဒီညအိမ်မှာတစ်ယောက်တည်းဖြစ်တယ်မလား သားသစ်မင်း.."

"အလှူလား...အဘ အသိလား.."

"ဟုတ်တယ်...အဘအသိတွေမို့မသွားရင်မျက်နှာပျက်စရာလေကွာ...မသွားမဖြစ်သွားရမှာမို့..."

"အင်း...အင်း...ရတယ်.. ရတယ်.. သွားလေ ကျုပ်တစ်ယောက်တည်းအိပ်ရဲပါတယ်ဗျ.."

ဦးဘသောင်း သိတာပေါ့ ဒီကောင်အလွန်ကြောက်တတ်သည်ဆိုတာ။
သရဲကအစ အိမ်မြှောင်ကအဆုံး ။
တစ်ခါကသရဲအခြောက်ခံရပြီးထဲက ဘုန်းကြီးကျောင်း၇ရက်သွားနေတာ သွားခေါ်မှပြန်လာသည်။
​အဘေရွာကနေ ဝက်သားသွားဝယ်ခိုင်းလိုက်တာ အဘေသချိုင်းကုန်းကိုကျော်ရသည်။
သချိုင်းကုန်းကိုကျော်တော့ ဆိုင်ကယ်ဘက်မှန်မှတဆင့် သစ်မင်းမောင်အနောက်တွင် ဝတ်စုံအဖြူနှင့်သရဲတစ်ကောင်တတ်လိုက်လာတာကို မြင်ပါရော...စစချင်းအလွန်လန့်ပြီး ဝက်သားတွဲကြီးပစ်ချကာ ဆိုင်ကယ်ကိုလီဗာအကုန်ဆွဲပြီးမောင်းပြေးတာ သရဲတော့အနောက်တွင်အူတတ်အောင်အော်ရီနေတော့မှာအမှန်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now