အပိုင်း(၃၁)

12.7K 963 44
                                    

                         Unicode

အနံ့အစင်းအလွန်ကောင်းမွန်သလို ပြင်းရှရှနှင့်လည်ချောင်းတစ်လျှောက်စီးဆင်းသွားပြီး လူကိုထုံထိုင်းမူးယစ်စေသည့် ယမကာ။
ဟိန်းစိုး အိမ်ရှေ့ကွပ်ပစ်တွင်ထိုင်ကာ အရက်ကိုဇိမ်ခံကာ အရသာရှိရှိသောက်လိုက်ပေမယ့် သူဘဝင်မကျ...ဘာလို့ဆို ဒီယမကာရည်ဟာ သူ့ကိုစိတ်ပျော်ရွှင်အောင်မစွမ်းဆောင်နိုင်...ယမကာဂမုန်း ဆိုတဲ့ လူသားယမကာနှင့်မှ သူဟာစိတ်ပျော်ရွှင်နိုင်မည်။

မျက်နှာအနှံ့ပေါက်ရောက်နေသော နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးများနှင့်ထိုလူဟာ..ချောမောသည့်ရုပ်ရည်ရူပကာရှိလှသည်။
ဒါပေမယ့် သူ့ရဲ့စိတ်ကတော့လွန်စွာမှအကျည်းတန်လှတယ်။
နာမကျန်းဖြစ်နေသည့်မုဆိုးမ မိခင်ကြီး ရှိပေမယ့် မိဘကိုမိဘနေရာမထားသည့် လူ့ငမိုက်သား..။

" သား...ဟိန်းစိုး လူလေး၊ အမေ့ကိုရေလေးခပ်တိုက်ပါလားသားရယ်.."

ဒေါ်စိန် ရေသောက်ချင်တာကြောင့် သူမ၏သားကို လေသံတိုးသဲ့သဲ့ဖြင့်ဆိုလ်ိုက်တယ်။
နာမကျန်းနေတာကြာပေမယ့် မနေ့ကသားလေး ချွတ်ကာပုံထားတဲ့ အကျီနဲ့ပုဆိုးလေးကိုသူမ ချောင်းစပ်တွင်လျှော်ပေးခဲ့တာ ကြည့်ရတာ လေစိမ်းတွေတိုက်ပြီးအဖျားကြီးနေပြီထင်ပါရဲ့..။
အိမ်တွင်လုပ်အားလည်းမရှိသည်မို့ ဒီသားလေးကိုပဲအာကိုးရမယ် ဆိုပေမယ့် သူမရဲ့သားဟာ လိမ်မာရေးခြားရှိသည့်သားလှတစ်ယောက်တော့မဟုတ်ချေ။
အာခေါင်တွေခြောက်ပြီး ရေသောက်ချင်တာကိုဖြေဖျောက်မရ၍ အိမ်ရှေ့ကွပ်ပစ်တွင်အရက်ထိုင်ကာသောက်နေသော သူမ၏သား ဟိန်းစိုးကို ရေလေးတစ်ခွက်ခပ်ခိုင်းမိပါရဲ့...သိုပေမယ့် ကြားရတဲ့စကားက အမေ့ရင်ဝထဲမီးစနဲ့ထိုးသလိုပူလောင်လှ၏။

"ကျစ်!!..ခင်ဗျားကြီးဗျာ..အပြင်မှာနေပူလို့အိမ်ထဲဇိမ်ခံပြီး အရက်ထိုင်သောက်နေတာ...ခင်ဗျားကြီးရဲ့$သံကိုကြားတာနဲ့ ကျုပ်အပြင်မှာထက်ပိုပူတယ်...သောက်ချင်ရင်ကိုယ့်ဘာသာ လာခပ်သောက် ကျုပ်မအားဘူး...အရက်သောက်နေတယ်.."

"လူလေးရယ်...အမေခေါင်းတွေကိုက်ပြီးမထနိုင်လို့ပါ...အမေ့ကိုရေလေးတစ်ခွက်ပဲခပ်တိုက်ပါသားရယ်...နောက်သားလုပ်ချင်တာအကုန်လုပ်ပါ..!!"

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now