အချပ်ပို(၂)

11.2K 641 16
                                    

Unicode

သစ်မင်းမောင် တို့သူငယ်ချင်းအုပ်စုထန်းတောကိုထွက်လာခဲ့ကြတယ်။တစ်ယောက်ကိုတစ်​ယောက်ရိုက်လိုက်၊ထုလိုက်၊ ထောင်းလိုက်နဲ့ စနောက်နေကြသည်။
ရွာလယ်ပိုင်းရောက်တော့ မြရီ၊ခင်ထားနှင့်စိုးစိုး တို့နဲ့တွေ့သည်။
ကြည့်ရတာ အိမ်လည်သွားမို့နှင့်တူသည်။ဂမုန်းတို့လည်း နှုတ်ဆတ်ကာ..။

"မြရီ...ဘယ်သွားကြမလို့လဲ.."

" နင်တို့ကော ဘယ်ကိုသဝေထိုးကြမလို့လဲ ငါတို့နင်တို့အိမ်ကိုလာလည်တာလေ.. "

"ဟုတ်လား.. ငါတို့ထန်းရည်သွားသောက်မလို့..."

ဂမုန်းပြောတော့ မြရီကတစ်ချက်စဥ်းစားသည်။ထို့နောက် ခင်ထားကိုမျက်နှာချိုသွေးကာ ထန်းတောကိုလိုက်ရန်ဆို၏။

"ခင်...မြတို့လိုက်သွားကြမယ်.."

"ဟာ..!! မြကလည်း ထန်းတောဆိုတာမိန်းကလေးတွေနဲ့မအပ်စပ်ဘူး..မသွားရပါဘူး ခင်မကြိုက်ဘူး.."

ခင်ထားသည် ခေါင်းကိုတွင်တွင်ခါရမ်းကာ ကန့်ကွက်၏။
ခင် ပြောတာမှားနေလို့လား???
ထန်းတောဆိုတာ မိန်းကလေးတွေသွားသင့်သည့်နေရာမဟုတ်။ လုံးဝမအပ်စပ်ဘူး..။

ဘာကိုမအပ်စပ်ရမှာလည်း မြို့မှာဆိုBarတွေကို မိန်းကလေးတွေကအစတတ်နေတာ ဘာမဟုတ်တဲ့ ထန်းတောကျမသွားရဘူးတဲ့လား..။
ဒါသက်သက် မြရီကိုအထင်သေးတာ။ဂမုန်းတို့နဲ့က လည်ပင်းဖတ်ပြီးပေါင်းလာသူတွေမို့ ထန်းတောဆိုတာ သူမ၏ဒုတိယအိမ်ပဲ။ မြရီအကြောင်း ခင်မသိသေးတာတွေမှ အများကြီး။

"မရဘူး... ခင် မလိုက်လည်း မြကတော့ လိုက်မှာပဲ...ဟဲ့ စိုးစိုး နင်လိုက်မှာလား.."

"အမလေးအေ...အမရယ် နင်သွားမှတော့ငါကမလိုက်လို့ရမလား..ဒါပေမယ့်ငါမသောက်ဖူးနော် ငါအမြည်းပဲစားမှာ သိတယ်မလားငါ့အကြောင်း ...ပါးစပ်ထဲအရည်လေးဝင်ရင် ကိုကိုတွေလည်းလွမ်းသလို ၊ မောင်လေးတွေကိုလည်း မေ့မရဘူး.. တကယ် တကယ်..!!"

စိုးစိုးအပြောကို အားလုံးသဘောကျကြသည်။
ခင်ဗျားတို့ စိုးစိုးထန်းရည်မူးတာမြင်ဖူးကြပါသလား??..။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now