အပိုင်း(၂၉)

14.2K 1.1K 83
                                    

                         Unicode

ဖျက်ခနဲ လန့်နိုးလာမှုကြောင့် သစ်မင်းမောင် အသိစိတ်က ညကလှုပ်ရှားမှုပုံရိပ်များကိုပြန်လည်မြင်ယောင်ကာ အိပ်ယာဘေးသို့လျင်မြန်စွာကြည့်လိုက်မိသည်။

"ဟင်..!!"

သူ့ဘေးတွင် ဂမုန်းပင်ရှိမနေတော့။
သူ့လည်းပဲ ညကအတိုင်းအဝတ်အစားများရှိမနေ။
ပုဆိုးကိုအမြဲစွတ်ပြီး...အိမ်ရှေ့သို့အမြန်ပြေးထွက်လာမိသည်။
ခြံရှေ့က မကျည်းပင်ကြီးအောက်တွင် ဆိုင်ကယ်ကိုအသင့်ပြင်ပြီး..ဂမုန်းက သွားစရာရှိသည်ထင်။
သစ်မင်းလည်း အမြန်ပဲခြံတံခါးကိုဖွင့်ပြီး.ဂမုန်းဆီလျှောက်သွားလိုက်တယ်..။

"ဂမုန်းပင်...ဘယ်သွားမလို့လဲ.. !"

"ပန်းတိုင်စျေးသွားမလို့လေ..ဖိုးခွားရှင်ပြုဖို့လိုအပ်တာတွေသွားဝယ်ရမယ်.."

ဆိုင်ကယ်ထဲ ဆီဖြည့်ရင်း ဂမုန်းကမော့မကြည့်ပဲဆို၏။
ဖိုးခွားအတွက်စျေးဝယ်သွားရမယ်ဆို...ကျုပ်လည်းလိုက်မှဖြစ်မယ်..။

"မောင် ပါလိုက်ခဲ့မယ် ခဏစောင့်..."

အိမ်ပေါ်ကိုအမြန်ပြေးတတ်ပြီး လက်ရှည်တစ်ထည်ကိုကောက်စွပ်သည်။
ထိုနောက် ဝါးခမောက်ကိုဆောင်းပြီး ဂမုန်းရှိရာဆီသို့ပြေးပြန်သည်။

"ဂမုန်းပင်... !!

"ဘာလဲကွာ...သွားမယ်..!!"

"ဟို...ဟိုလေ..မောင်ညက ကိစ္စအတွက်တောင်း...တောင်းပန်ပါတယ်..!!"

"မလိုဘူး...ငါမင်းကို အဖြေပေးခဲ့တာမဟုတ်ဘူးနော်...ဒီအတိုင်းမကြည့်ရက်ခဲ့လို့...မင်းတောင်းထားတဲ့အဖြေကို ငါစဥ်းစားနေတုန်း...!"

"ဟုတ်ကဲ့.. !!"

"အခု...မောင် ဆိုင်ကယ်မောင်းမယ်လေ...ဂမုန်းပင်ကအနောက်ကလိုက်စီး..!!"

သစ်မင်းမောင် ကဆိုင်ကယ်ပေါ်အတင်းတတ်ခွသည်။
ဂမုန်းကလည်း အနောက်မှခွစီးပြီး..။

"မင်း...အမြန်မောင်းတတ်လား. ??"

"မောင်းတတ်တယ် ဂမုန်းပင်... "

"အဲ့ဒါဆို ဖြည်းဖြည်းပဲမောင်း.."

သစ်မင်းလည်း ဆိုင်ကယ်လေးကိုမဖြေးမမြန်လေးဖြင့်သာမောင်းလာ၏။
ကတွယ်ရွာကို ကျော်ပြီးမှ ရန်ကုန်.ပုသိမ်လမ်းပေါ်ရောက်တာမို့..သူတို့မနက်စောစောထလာကြသည်။
နေပွင့်ရင် စျေးကလူကျပ်သည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now