အပိုင်း(၄၄)(ဇာတ်သိမ်းပိုင်း)

20.3K 908 55
                                    

Unicode

စောင်ခေါင်းမြှီးခြုံကာ တစ်ဖတ်ခြမ်းလှည့်သွားတာကြောင့် စိတ်ဆိုးသွားမှန်း သစ်မင်းမောင်သိသည်။
အဲ့ဒါနဲ့ သစ်မင်း ဂမုန်း၏အနားသို့တိုးကပ်သွားကာ တင်းကျပ်စွာဖက်ထားလိုက်တယ်။အရာအားလုံးဟာတိတ်ဆိတ်ကာငြိမ်သက်နေသည်။
သစ်မင်းမောင် နှာခေါင်းအတွင်းဝင်သို့ရောက်လာသော မြေနံ့သင်းသင်း။မိုးရွာထားသည်မို့ အော်ဟစ်ကာဆူညံနေတဲ့ ဖားအော်သံ၊ ပုရစ်အော်သံ၊ ပုစဥ်းရင်ကွဲအော်သံများဟာ သူတို့နှစ်ယောက်၏ မဂ်လာဦးညကိုပါရမီဖြည့်ပေးနေသည့် တေးဂီတသံစဥ်တစ်ပုဒ်ပမာ။
စည်းချက်ညီညီဖြင့် ဂမုန်း၏ နာရွက်ဖျားလေးများကိုလာရောက်ထိခတ်သော မောင့်၏အသက်ရှူသံပြင်းပြင်း။
ထိုအပြင် ဂမုန်း၏ခါးကိုဖက်တွယ်ထားသောလက်တစ်စုံမှာ အထက်အောက်စုံချည်ကာဖြင့်...။

ကြာလာလေလေ ဂမုန်းနေရတာ ရိုးတိုးယွတဖြစ်လာလေ။
တကယ်ပါ...တကယ်ကိုဘာတစ်ခွန်းမှဆိုခြင်းမရှိပဲ ယမကာဂမုန်း အသာငြိမ်နေမိသည်။
တစ်နေရာထဲတည်ရှိမနေတဲ့ မောင့်၏လက်ဖဝါးတွေက ဂမုန်း၏အရေးကြီးသောနေရာတစ်ခုပေါ်တွင်ရပ်တန့်ကာ ငြိမ်သက်သွားသည်။
တဒုတ်ဒုတ်ခုန်မြည်နေသော ဂမုန်းပင်၏နှလုံးသားတစ်စုံ။
ဂမုန်း ၏ဝဲဘက်ရင်အုံပေါ်တွင်တည်ရှိနေသော သစ်မင်းမောင်၏လက်တစ်စုံမှာငြိမ်သက်ကာနေသည်။
အချိန်ခဏအကြာ မဟုတ်ဘူး...အချိန်တစ်ခုကြာသည်အထိ ဂမုန်းပင်၏စည်းချက်မှန်မှန်ခုန်ပေါက်နေသော ရင်ခုန်သံများကို သစ်မင်းခံစားနေသည်။
ထို့နောက်...သစ်မင်း၏လက်ပေါ်သို့ ဂမုန်း၏လက်ကလေး လာထပ်သည်။

နူးညံသည့်လက်တစ်စုံမဟုတ်ပေမယ့်...တွဲလက်တွေမြဲမည့် လက်တစ်စုံကိုတော့ သစ်မင်းမောင် ပိုင်ဆိုင်ထားလေပြီ။
အခုဆိုရင် အရာအားလုံးဟာ ပုံမှန်ပြန်ဖြစ်ပြီ။အရင်လိုလည်း ဂမုန်းနဲ့ထိုးကြိတ်ရန်ဖြစ်နေရဦးမည်မဟုတ်...အဲ့လိုအချိန်တွေရှိလာရင်လည်း သူဘက်ကအလျော့ပေးမည်။
သူပိုင်ဆိုင်တဲ့ အရာကိုမည်သူမှလုယူတော့မည်မဟုတ်။
အခုဆိုရင် ဟိန်းစိုးသည်လည်း သူ့အမှားသူသိကာ ပြုပြင်နေပြီမို့ သစ်မင်းမောင်စိတ်ချရပါပြီ။
ထို့နောက် ..ဂမုန်း၏နားနားသို့တိုးကပ်သွားကာ...။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now