အပိုင်း(၃၉)

10.9K 782 80
                                    

                         Unicode

"ဂမုန်း ငါတို့ထန်းတောသွားရအောင်.."

ဂမုန်း လယ်ထဲအတွင်းသို့ရေမြောင်းဖောက်နေတုန်း သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဆားရေစိမ်၊ သာလှနှင့်အောင်မောင်းတို့အုပ်စုရောက်လာပြီး ထန်းတောသွားရန်လာခေါ်သည်။
အလုပ်မအားရတဲ့အထဲ စားဖို့သောက်ဖို့ဆိုလာလာခေါ်ကြသော ဒင်းတို့ကို ဂမုန်းသိပ်ကြည့်မရတော့...။

"မင်းတို့အလုပ်မရှိအကိုင်မရှိပဲ ဒီလိုအလေ လိုက်နေတာ ဟူးးးးးမင်းတို့အမေတွေအစားငါရင်လေးတယ်.."

"ဂမုန်း...မင်းက ရင်လေးတယ်တယ်ဆိုရအောင် မြရီတို့ခင်ထားတို့လို့ ပေါက်စီပါလို့လား..."

"ဒီခွေးသား.. !!"

စောက်ခွက်ပြောင်နေသော အောင်မောင်းကို ဂမုန်းဆဲရေးလိုက်တယ်။
သူလည်းအကြံတစ်ခုကိုရသွားပြီး...။

"မင်းတို့မှာ ဒီနေ့အဖို့အလုပ်ရှိကြလား??..."

"ဟာ...ဘယ်ရှိမလဲကွာ...အဲ့တာကြောင့်ငါတို့အားနေလို့ ထန်းတောသွားဖို့မင်းကိုလာခေါ်တာပေါ့.."

"အင်းးးးးအဲ့ဒါဆိုမင်းတို့ကိုငါအလုပ်ပေးမယ်...ပိုက်ဆံလည်းပေးမယ်ကွာ...ဘယ်လိုလဲလုပ်ကြမလား..."

ဂမုန်းပြောတော့ အားလုံးကတွေးစစနှင့်။
သူတို့လည်း ဒီနေ့အဖို့အလုပ်မရှိသည်မို့ လက်ခံရန်ဆုံးဖြတ်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ပိုက်ဆံ၁၀၀၀သည်လည်း တန်ဖိုးကြီးလှသည်။
ဒီတိုင်းနေရင် အလိုလိုငွေဝင်လာမှာမှမဟုတ်တာ။

"အေးးးးလုပ်မယ်ကွာ..မင်းတို့ကော လုပ်ကြမလား ဟျောင့် တွေ..."

"အေးကွာ..လုပ်မယ်...ဘာလုပ်ရမလဲသာပြော.."

"မင်းတို့ငါ့ကို ရေမြောင်းဝိုင်းဖောက်ပေးကြလေ...ငါတစ်ယောက်ကို ၅၀၀၀ပေးမယ် အဲ့အပြင်ညနေကျ ထန်းရည် ၂မြူ(၂အိုး) ပါအစစ်လိုက်တိုက်မယ်..."

" ဟ...တန်လှချည်လား....ဘယ်မလဲပေါက်တူး..အခုပဲလုပ်ပြီဟေ့..."

သာလှက သဘောကျသလိုအားတတ်သရော ဆိုကာ ပုဆိုးကိုစလွယ်သိုင်းပြီး ပေါက်တူးလိုက်ရှာသည်။
တဲထဲတွင်ထည့်ထားတဲ့ ပေါက်တူး၃လက်ကိုတစ်ယောက်တစ်ချောင်းပေး လိုက်ပြီး အားလုံးတတ်ညီလက်ညီဖြင့် အလုပ်စလုပ်ကြတော့သည်။
နေ့လည်၁၁နာရီလောက်ရှိလေပြီ။
နေကခေါင်းတည့်တည့်ရောက်နေပြီမို့ သူတို့လေးယောက်၏ကိုယ်ပေါ်တွင် ချွေးများထွက်နေသည်မှာမြင်လိုမကောင်း။
ထိုကြောင့် ဂမုန်းကအလုပ်နားရန်အားလုံးကိုအော်​ပြောလိုက်ပြီး...ခပ်ယိုင်ယိုင်လယ်စောင့်တဲထဲသို့ဝင်ကာ ထိုင်နေသည်။
တစ်အောင့်ကြာတော့ သာလှတို့အုပ်စုပေါက်တူးကို ထမ်းကာဝင်လာပြီးသူ့ဘေးတွင်ဝင်ထိုင်သည်။
ဆားရေစိမ်က ရေအိုးစင်မှရေတစ်ခွက်ကိုခပ်သောက်သည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now