အပိုင်း(၁၀)

15.6K 1.1K 48
                                    

                          Unicode

အိပ်ရှေ့သခွပ်ပင်အောက်ရှိ ကွပ်ပစ်တွင် သစ်မင်းမောင် တစ်ယောက်ထိုင်ကာ မယ်ဖူးဆေးပေါလိပ်ကို ခဲနေသည်။
ဆေးပေါလိပ်ကို တစ်ချက်ရှိုက်ဖွာပြီး တစ်ခုခုကိုအလေးအနက်တွေးတောနေ၏။
သူလည်း အသက်၂၅ နှစ်ရှိနေပြီမို့ ရည်းစား​
လေးတော့ထားသင့်ပြီထင်ပါရဲ့..။
ခင်ထား လေးကိုပိုးပန်းရတာလည်း မလွယ်ကူလှပေ...မြို့ကြီးသူကျောင်းဆရာမလေးကို ကျောင်းအပြန်သွားသွားစောင့်တိုင်း အမြဲလိုလို ယမကာဂမုန်းနဲ့ပက်ပင်း တိုးသည်။
သူလည်း သူကြီးသမီး မူလတန်းပြဆရာမလေး မြရီ ကိုပိုးပန်းနေလို့ လာလာစောင့်နေတာ သစ်မင်းမောင် သိတာပေါ့။
အလကားကောင် နှာဗူး မိန်းကလေး ကိစ္စအတွက်နဲ့ဆို အမြဲတမ်းတတ်ကြွနေတာ...အမြင်ကိုကတ်တယ်။

"ကော်ရီးးးးးရေ....ကော်ရီးသစ်မင်းရေ....စိုးစိုးဝင်လာပြီနော်.."

ခြံတံခါးကို အသာဖွင့်ဝင်ပြီး စိုးစိုးဆိုသည်။ပါးစပ်ကသာ ဝင်လာပြီဆိုတာ လူကကွပ်ပစ်မှာ ထိုင်နေသော သစ်မင်းမောင် အနားရောက်ရှိနေပြီ။

"ပြော...လာရင်း ကိစ္စ။ အရေးကြီးလား စိုးစိုး... နင် ဒါမှမဟုတ် ခင်ထား နဲ့ငါ့ကိုအောင်သွယ်ပေးမလို့လား.."

"ဟင်းးးးးးစိုးစိုးလည်း ဒီကိစ္စအတွက်နဲ့လာခဲ့တာ...အောင်သွယ်တာကိုနောက်ထားပြီး ဖူးစာမှန်အောင်အရင်လုပ်ကြည့်ပါလား ကော်ရီး.."

ဘာလဲ!..ဘာကိုဖူးစာမှန်အောင်လုပ်တာလဲ...စိုးစိုး ပြောတာ သစ်မင်းမောင် တစ်ခုမှနားမလည်ပါ။

"စိုးစိုး ငါ့ကိုနားလည်အောင်ပြောစမ်းဟယ်..."

"ဒီလိုကော်ရီးရဲ့...ဟိုဘက်ရွာမှာလေ စိုးစိုး သူငယ်ချင်းတစ်ယောက်ကသူလုပ်ဖူးတဲ့ ဖူးစာမြင်အိမ်မက်အကြောင်းကိုပြောပြလိုက်တယ်...အဲ့ဒါ...စိုးစိုးလည်းကော်ရီး ကိုစမ်းခိုင်းကြည့်မလို့... လုပ်ကြည့်လေနော် ကိုယ့်အတွက်အရှုံးမရှိဘူး.."

"ဖူးစာမြင်အိမ်မက်...အဲ့ဒါကဘယ်လိုလုပ်ရမှာလဲ.."

သစ်မင်းမောင် မေးတော့ စိုးစိုး တစ်ချက်ပြုံးသည်။
သူရဲ့ရည်ရွယ်ချက်က အဆင်တွေကိုလင်ပေးစားဖို့ပဲဖြစ်သည်။အဆင်ငမ်းရင်ငမ်း မငမ်းရင်လင်ပေးစားပြစ်မည်။
ဘယ်သူမှလာမတားနဲ့...စိုးစိုးတို့က ဘူးဆိုဖရုံမသီးဘူး။
ကော်ရီးသစ်မင်းရဲ့ အချစ်ရေးအချစ်ရာမှာလည်း အစစ်မဆိုတာမရှိရ...။
အဲ့ဒါကြောင့် ဘေးရွာကသူငယ်ချင်းရဲ့အိမ်မက်ကို သူမေးစမ်းကြည့်လာသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now