အပိုင်း(၂၇)

13.4K 1K 60
                                    

                        Unicode

"သစ်မင်း ရေ...သစ်မင်း... !!"

" ဒီမှာဝေ့..သခွပ်ပင်အောက်မှာ..!!"

သစ်မင်းမောင် သခွပ်ပင်အောက်ကကွပ်ပစ်တွင်ထိုင်ပြီး မယ်ဖူးဆေးပေါလိပ်ကို ထိုင်ခဲနေသည်။
ထိုအချိန်..ဝိုင်းအရှေ့မှ ခေါ်သံကြားတာကြောင့် ဆေးပေါလိပ်ကိုပြာခွက်ထဲသို့ချကာ ခြံတံခါးဖွင့်ပေးရန်ထွက်ခဲ့သည်။
မြရီနဲ့ခင်ထား ပါလား...မလာစဖူး သူ့အိမ်ကိုလာတာကြောင့် သစ်မင်းမောင် အမြန်ပဲခြံတံခါးဖွင့်ပေးလိုက်တယ်...။

"မြရီ....ခင်ထားလည်းပါလာတာပဲ...လာ..ဝင်ဟာ ကိစ္စရှိလို့လား..."

"အေး..ဟုတ်တယ်.. ကိစ္စက ကြီးသထက်ကြီးတယ်ဟေ့.."

"ဟ!!..ဘာကိစ္စမို့လည်းဟ ပြောပါဦး...ထိုင်ကြဦး..ရော့ လက်ဖက်နဲ့အကြမ်းရည် စားကြဦး..ခင်ထား စားနော်အားမနာနဲ့.."

"အွန်းးးး"

"ငါတို့ ရေခပ်ဖို့ ထွက်လာကြတာ.လမ်းမှာဘယ်သူနဲ့တွေ့လာတယ်ထင်လဲ...ဟိန်းစိုး...ဟိန်းစိုးအယုတ်တမာကောင်နဲ့တွေ့ခဲ့တယ်...ဂမုန်းကငါ့ကိုပိုးပန်းနေတာ အားလုံးသိကြတာပဲ အဲ့ဒါကို ဂမုန်းကငါ့ကိုပိုးပန်းရမလားဆိုပြီး သူနဲ့ဂမုန်းကြားထဲဝင်နှောက်ယှက်တဲ့သူတွေကို အလွတ်မပေးတာတွေရော ဟာ အဲ့အပြင်ငါ့လိုသူကြီးသမီးကိုတောင် သူကခြိမ်းခြောက်သွားသေးတယ်...အဲ့ဒါလေ ဂမုန်းနောင်ရေးအတွက်မကောင်းလို့ နင့်ကိုလာပြောတာ.."

"ဘာ!!..တောက်!! ဟိန်းစိုး.. အဲ့ကောင်ကအခုဆိုပိုပြီးလို့တောင်ရဲတင်းလာပြီ...ဟင်းးးးငါဘယ်လိုလုပ်ရမလဲ မြရီရယ်...ငါ..ငါအမှန်တိုင်းပြောရရင် ဂမုန်းပင်ကို ငါချစ်တယ်...ပြီးတော့ သူ့ကိုလည်းငါချစ်ခွင့်ပန်ထားသေးတယ်...သူသာငါ့ကိုပြန်ပြီးချစ်ရင် ဟိန်းစိုးရန်ကနေငါကာကွယ်ပေးလို့ရပြီ...ဒါပေမယ့် ယောကျာ်းချင်းဆိုတော့ အဲ့လို ဖြစ်လိမ့်မယ်ငါမထင်ဘူး..."

"ဟယ်!!"

"ဗုဒေါ.. !!"

"နင်...နင်တကယ်ပဲ ဂမုန်းကိုဖွင့်ပြောလိုက်တာလား...သစ်မင်း.."

"အေး..."

မြရီနဲ့ခင်ထား အံ့သြကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။သူတို့ကအခုမှခန့်မှန်းကြည့်ယုံသာရှိသေးပေမယ့် သစ်မင်းမောင် ကတော်တော်တောင်ခရီးရောက်နေပြီပဲ။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now