အပိုင်း(၁၇)

14.1K 1K 42
                                    

                      Unicode

"အဟွတ်...အဟွတ်...အဟွတ်..!!"

အိပ်ပျော်မလိုရှိနေတဲ့ စိတ်ဟာ ချောင်းဆိုးသံကြောင့် နိုးထလာခဲ့တယ်။
ချောင်းဆိုးသံကို အာရံစိုက်ပြီးနားထောင်ကြည့်တော့ ဘုရားခန်းရှေ့မှာ စက်တော်ခေါ်နေတဲ့ သစ်မင်းမောင် ဆီမှဖြစ်တယ်။
ဂမုန်းလည်း လျစ်လျှူရှုပြီး ကိုယ်ကိုဘေးသို့စောင်းကာအိပ်ပျော်ရန်ကြိုးစားသည်။

"အဟွတ်... အဟွတ်.. အဟွတ်.. !!"

ကျစ်....ီးလိုပဲအိပ်မရတော့ဘူး။
အအိပ်စက်တဲ့ ယမကာဂမုန်း သစ်မင်းမောင်ရဲ့ချောင်းဆိုးသံကြောင့် အိပ်လို့မရနိုင်..။
ထိုကြောင့် အိပ်ချင်နေတဲ့မျက်လုံးကို ဖြဲရဲကာဖွင့်ပြီး အိပ်ရာထက်မှထပြီး အိမ်ရှေ့ဘုရားစင်ခန်းသို့ ထွက်လာခဲ့တယ်။

သစ်မင်းမောင် ခြင်ထောင်တွင်လူးလွင့်ကာ နေပြီး ချောင်းများအဆတ်မပြတ်ဆိုးနေတယ်။
ဂမုန်း လည်း နားညီးပြီးအိပ်မရတာထက်...နည်းနည်းဆိုနည်းနည်းလေးပါပဲ... သနားမိသွားပြီး ထရန်နိုးလိုက်သည်။

"သစ်မင်းမောင်... ဟျောင့်.. သစ်မင်းမောင် ထစမ်း...ီးလိုပဲ မင်းရဲ့ချောင်းဆိုးသံကြောင့်ငါအိပ်မရဘူး...ထ...အခု...ငါဆေးတိုက်မလို့.."

"အင်းးးးးအဟွတ်...အဟွတ်..."

ကိုယ်ကိုအသာပုတ်ပြီး ဂမုန်းနိုးတော့..သစ်မင်းမောင် ထလာသည်။ထိုနောက်ခြင်ထောင်ထဲမှထွက်ပြီး ငုတ်တုတ်ထိုင်နေသည်။
ဂမုန်း ခြံထဲဆင်းသွားသည်။
သကြားလုံး အရမ်းကြိုက်တဲ့သစ်မင်းမောင် စားတာများသွားပြီထင်ပါရဲ့။
အချိုသိပ်ကြိုက်တာကြောင့် သကြားလုံးတွေအမြဲဝယ်ထားလေ့ရှိသည်။

အခဏကြာတော့ ဂမုန်း လက်ထဲမှာ အရွက်တွေဆုတ်ပြီး ပြန်တတ်လာတယ်။

"ဘာအရွက်တွေလဲ..."

"သေဆေး..."

"ဟင်!!"

"စတာ...ငါခြံထဲမှာစိုက်ထားတဲ့ မီးကွင်းဂမုန်း.. ချောင်းဆိုးတာ ဒီအရွက်ကိုညှစ်ပြီးလျက်ဆားနဲ့ဖျော်သောက်ရင် ချောင်းဆိုးတာသက်သာတယ်.."

"ဟုတ်လား... ဂမုန်းပန်းတွေက အဲ့လောက်တောင်ကောင်းတာလား..ငါသိတာအဆိပ်ရှိတဲ့ကောင်တွေရန်က ကာကွယ်နိုင်တာကိုပဲသိတယ်.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now