အပိုင်း(၄)

18.4K 1.3K 38
                                    

                        Unicode

မနက်၄နာရီ တိတိတွင်ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သည်။
ကျင့်သားရနေပြီဖြစ်တဲ့​မျက်လုံးတွေကြောင့် ယမကာဂမုန်း နိုးနေပြီ။
လယ်ထဲ ရေတင်ရမှာမို့ ကသင်းရိုးဘေးမြောင်းဖောက်ရမည်။
အိပ်ယာထက်က လူးလဲကာထပြီး အိပ်ယာဘာညာသိမ်းဆည်းပြီး အိမ်အောက်ရေစည်မှာ မျက်နှာသစ်၊ကိုယ်လက်သန့်စင်လိုက်၏။

"ဟောဒီက...ပဲပြုတ်...ပဲပြုတ်ပူပူလေးရမယ်...!!!"

ဟော.... ကတွယ်ရွာကပဲပြုတ်သည် မထား တောင်စျေးရောင်းထွက်နေပြီ။
ကတွယ်ရွာနဲ့ပဒီးကုန်းက ရွာချင်းကပ်ရက်မို့ မနက်စောစောလည်း ကြောက်စရာမကောင်းလှပါ။
အင်းးးးကြည့်ရတာ မထား ယောကျာ်းလည်းလိုက်ပါလာတယ်ထင်တယ်။

"ဗျို့...မထား ကျုပ်ခြံထဲဝင်လှည့်ပါဦး.."

"အေးအေး... လာပြီ ဂမုန်းရေ.."

ထင်တဲ့အတိုင်း မထား ယောကျ်ား ကိုစိုးထွန်းလည်းပါလာတာပဲ။

"ကျုပ်ကို ပဲပြုတ် အစိပ်သားလောက် မထား.."

"အေးအေး...ရော့..ဂမုန်း မထားပိုထည့်ပေးထားတယ်နော်...နောက်လည်းအားပေးလှည့်ဦး.."

"ဟုတ်ပါပြီဗျာ.. "

ကျသင့်တဲ့ငွေကို ခါးပုံစထဲက ထုတ်ပေးလိုက်ပြီး နောက်ဖေးဘက်ကိုဝင်လာခဲ့ကာ ထမင်းကြမ်းနဲ့ပဲပြုတ်ကို ပဲဆီလေးနှင့်ရောကြော်ထားလိုက်သည်။
အဘနဲ့ဖိုးခွားအတွက် ငါးရံ့​ခြောက်လေးတွေကို မီးဖုတ်ပြီးထုထောင်းကာ နှမ်းဆီဆမ်းပြီးအုပ်စောင်းအောက်တွင်ထည့်ပေးထားခဲ့သည်။
တစ်ဖန် အိမ်နွားတင်းကုပ်ကိုသွားပြီး မိဖြူနဲ့မိပြာ အတွက် ဟိုရက်ကသွားခုတ်ထားတဲ့ မြက်အထုံးကို နွားစာခွက်ထဲထည့်ပေးလိုက်၏။

ကဲ...အားလုံးပြီးပြီးဆိုတော့ လယ်ထဲမြောင်းဖောက်ဖို့ပဲရှိတော့တယ်။
ကျုပ်လည်း မနက်စာကိုစားပြီး။
ဟိုကောင် အောင်မောင်းနဲ့သာလှတို့ညီကိုနှစ်ယောက် ဆီဖုန်းဆတ်လိုက်တယ်။

"အေးးးသာလှ မင်းတို့ငါ့တိုက်ကြက်ဖ ခွပ်လတ်ချမလို့ဆို ဘယ်ကြက်နဲ့ချမှာလဲ.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now