အပိုင်း(၃၇)

11.6K 876 32
                                    

                             Unicode

ဒီနေ့အိမ်တွင် ဘယ်သူမှရှိမနေပါ။
အဘကလည်း ရွာဦးဘုန်းကြီးကျောင်းသွားသည်။ အမမြရီနဲ့ခင်ထားနဲ့ကျ မနက်အလှူမှာဝတ်ဖို့ဟိုဘက်ရွာတွင် ဝမ်းဆက်သွားရွေးတယ်။
အဲ့တော့ အိမ်မှာစိုးစိုးတစ်ယောက်တည်း။

လုပ်ချင်တာလုပ်လို့ရပြီ...ဟဲ ဟဲ။
ထိုနောက် အိမ်ရှေ့ကုလားထိုင်တွင် ထိုင်ပြီး...အိမ်မှာရှိသမျှ အတွင်း၃၇မင်း၊ အပြင်၃၇မင်း၊ အရံ၃၇ မင်းများ ကြားအောင်အော်ပြောလိုက်တယ်။

" ရှိရှိသမျှနတ်အပေါင်း နတ်သူတော်ကောင်းတို့ရယ်...သူများတွေကျ လင်တွေကိုယ်စီရကြပြီး စိုးစိုး လိုလှပတဲ့ မိန်းမလျာလေးကျတော့ ဘာကိစ္စနဲ့လင်မရတာတုန်း...မတရားဘူး...လုံးဝမတရားဘူး...အဲ့တော့ စိုးစိုးလင်ရအောင် 'မ 'ပေးကြပါ...တကယ်လို့ နတ်မင်းကြီးတို့ လင်ရအောင်'မ'ပေးရင် ကျုပ်က စားတော်ပွဲများတည်ပြီး ဆုချမှာတော်...အကယ်၍ကျုပ် လင်မရရင်တော့ ငတ်ဖို့သာပြင်...ဘာတစ်ခုမှမဆက်သဘူးမှတ်...ဟွန့်..."

ရှိရှိသမျှ နတ်တွေကိုရန်တွေ့ပြီး စိုးစိုးလည်းအလှူမှာဝတ်ဖို့ ချုပ်ထားသော ပါတိတ်ဝမ်းဆက်လေးကို သွားရွေးဖို့ထွက်ခဲ့သည်။
တစ်လမ်းလုံးလည်း ညကကြုံတွေ့ကျတဲ့ သစ်မင်းမောင်နှင့်ယမကာဂမုန်း ၏ အိပ်ယာထဲက အီစီကလီ ကိစ္စကိုပြန်တွေးကြည့်ပြီး ပြုံးဖြီးနေတာ ပါးစပ်ကနားရွက်တပ်ချိတ်တော့မယ်။
ဟိဟိ ညက ကော်ရီးတို့နှစ်ယောက် ချစ်ကြည်နူးတစ်တစ်တူးနေတာကို မျက်ဝါးထင်ထင်မြင်တွေ့ရရင်ဖြင့်...အို...ငါအပျိုလေး ဘာတွေမှောင်နေဇမ်းပါလိမ့် အဲ ဘာတွေတွေးနေပါလိမ့်...။
ငမ်းတာကို အရှက်နဲ့ထိန်း စိုးစိုးရေ။

______________•••••••••••••______________

"စံပယ်ပန်း လိုသေးတယ် သစ်မင်း..."

ဒီနေ့ အလှူနေ့ဖြစ်သည်။
ရှင်လောင်းလှည့်မည့်နေမို့ ဂမုန်းတို့အိမ်တွင် ဖိုးခွားလေးကို မြရီနဲ့ခင်ထားက ပြင်ဆင်ပေးနေသည်။
ဂမုန်းနဲ့သစ်မင်းက တော့အလုပ်ပိုရှုပ်တာပေါ့...ပဒီးကုန်းရွာမှာက ဘာပွဲဖြစ်ဖြစ် အသံချဲစက်ကြီးများဖြင့် ဖွင့်ပြီး ဧည့်ခံလေ့ရှိသည်။
အခုလည်း ကတွယ်ရွာသားလေး ပေဖူးလွှာ၏ ကျေးဇူးဖြင့် ကတွယ်ရွာမှာနာမည်ကြီးတဲ့ "အေးချမ်းမောင်"အသံချဲ့စက်ကြီးက ဂမုန်းတို့အိမ်မှ တစ်ရွာလုံးကို နားမခံနိုင်အောင်မြည်ဟီးနေသည်။
ထိုကြောင့် ဂမုန်းကစက်ဖွင့်တဲ့ကောင်လေး
နှင့် လာရောက်ကြည့်ရှုကြတဲ့လူအချို့ကို ဧည့်ခံနေရသည်မှာလက်မအား။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now