အပိုင်း(၄၁)

10.9K 803 42
                                    

Unicode

"ဟိုလူကြီး....တားကို တိုကြီးဂမုန်းဆီခေါ်သွားပေးမှာဆို ဘာလို့ကြိုးတွေနဲ့တုတ်ထားတာလဲ..??"

ရွာထဲ ငယ်ပေါင်းဖော်သူငယ်ချင်းတွေအတူဖိုးခွားလေးတစ်ယောက် ပြေးလွှားဆော့ကစားနေတုန်း..ဦးလေးကြီးတစ်ယောက်ကသူ့အနားသို့လျှောက်လာသည်။
လူစိမ်းဆိုရင်အနားမကပ်ဖို့ တိုကြီးဂမုန်း ကမှာထားသည်။
အဲ့ဒါကြောင့် ဖိုးခွား ထိုလူကြီးနှင့်ဝေးရာကို ထွက်သွားရန်ပြင်သည်။
ထိုအချိန် ဖျတ်ခနဲဆိုသလို ဖိုးခွား၏လက်ကလေးကိုလှမ်းဆွဲလိုက်၏။

"ကလေး...နေဦး.."

" ဂျာ...တားကိုဘာယုတ်မလို့လဲ.."

"ဟားးးးးဘာမှမလုပ်ပါဘူးကွာ...ဒါနဲ့ သားနာမည်ကစောမူလား မလား.."

ထိုအခါ ဖိုးခွားက ခေါင်းညိမ့်ပြ
တယ်။
ဟိန်းစိုး တစ်ချက်ပြုံးသည်။

"ဦးဦးက သားကိုရှာနေတာ...ဒီမှာကျကလေးတွေတအားများလွန်းတော့ ဦးဦးကဘယ်သူမှန်းမသိဘူး ဖြစ်နေတာ.."

"တားကို ဘာယို့ရှာတာလဲ...တား ဦးဦးကိုမတိဘူးလေ..ဒါပေမယ့် တား မြင်ဖူးသလိုပဲ.."

"ဦးဦးနဲ့ လိုက်ခဲ့မလား.."

ဖိုးခွား၏ပခုံးကို အားနည်းနည်းဖြင့်ညှစ်ပြီးမေးသည်။
ကလေးလေးက ကြောက်နေပေမယ့် မကြောက်သလိုဟန်ဆောင်ကာနေနေသည်ကို ဟိန်းစိုးရိပ်မိသည်။
တကယ့်ကို အာဂကလေးပဲ။

"ဟင့်အင်း မလိုက်ဖူး...တိုကြီးဂမုန်းကမှာထားတယ် လူစိမ်းတွေခေါ်ရင်မလိုက်ရဘူးတဲ့...တား လက်ကိုလွှတ်...တားသွားဆော့မလို့.."

ဖိုးခွားလေးကရုန်းထွက်ရန်ပြင်သည်။
ဒါပေမယ့် ဟိန်းစိုးက ပိုလို့ပင်ဆုတ်ကိုင်ရင်း...။

"တား ကိုကြီးဂမုန်း ကခေါ်ခိုင်းလိုက်လို့ ဦးဦးကလာခေါ်တာပါကွာ...လိုက်ခဲ့နော်...ကိုကြီးဂမုန်း က စောင့်နေလို့ကြာရင် စောမူလားကိုစိတ်ဆိုးနေဦးမယ်.."

ကလေးကို ယုံလောက်သည့်စကားများကိုဆိုသည်။
ငါသတိပေးပြီးပြီ ယမကာ မင်းအချစ်ရဆုံးလူတစ်ယောက်ကိုသေချာစောင့်ရှောက်ပါလို့..ဟင့်..အခုတော့ ငါယုတ်မာရဦးမယ်..။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now