အပိုင်း(၂၆)

13.3K 1K 76
                                    

                          Unicode

"မင်းတို့ထူးဆန်းတယ်..မထင်ဘူးလား.."

ရွာနောက်က ကုကိုုင်ပင်ကြီးအောက်တွင် ဆားရေစိမ် ၊ တိုးကြီး ၊အောင်မောင်းနှင့်သာလှတို့ထိုင်နေကြသည်။
သာလှက စပြီးစကားဆိုသည်။
ဒီရက်ထဲ သစ်မင်းမောင်နှင့်ယမကာဂမုန်း တို့နှစ်ယောက် သိပ်မူမမှန်ချေ။ အပြောအဆိုများလည်း ပြောင်းလဲသွားတယ်လို့ထင်နေမိသည်။
အရင်ကဆို မျက်နှာချင်းဆိုင်တာနဲ့သတ်နေကြပြီး အခုရက်ပိုင်းများတွင်တော့ သစ်မင်းက ဂမုန်းအနားသို့သိပ်ကပ်လှသည်။
ဂမုန်းကလည်း လိုနေရင် 'မောင်' ဟုခေါ်ဆိုတတ်သေးသည်။
မဟုတ်ဘူး....သူတို့နှစ်ယောက်တစ်ခုခုတော့တစ်ခုခုပဲ။

"ဟုတ်တယ်... ငါလည်းထူးဆန်းတယ်လို့ ထင်နေမိတယ် ..."

သာလှရဲ့စကားကို ဆားရေစိမ် ကပါဝင်၍ထောက်ခံသည်။
ကျန်နှစ်ယောက်ကလည်း စဥ်းစားဟန် အသံတိတ်နေကြသည်။

"ဘာပဲဖြစ်ဖြစ် ငါကတော့သူတို့နှစ်ယောက်အခုလို တည့်နေတာမြင်ရင်ကျေနပ်တယ်.. မဟုတ်ပဲ နှစ်ယောက်စလုံးခွေးစိတ်ပေါက်ပြီး ထ ထ ကိုက်ရင် ငါတို့တွေက ကြားထဲကစကွင်းမလွတ်ဘူး.."

"ဟုတ်တယ်... အဲ့ဒါတော့။

တကယ်ပါဗျာ!!...သူတို့နှစ်ယောက်မတည့်ရင်  ကျုပ်တို့ကပါ သူကြီးရဲ့ထိပ်တုံးနဲ့မိရော..။ ဒီကြားထဲ မြရီနဲ့ခင်ထား ကိုသွားသွားပိုးပန်းလို့ လေးခွစာကမိသေးတယ်။
ဟူးးးးးးကောင်းတယ်..ကောင်းတယ် သူတို့နှစ်ယောက်အဆင်ပြေပြေရှိနေတာ ကောင်းတဲ့အရာတစ်ခုပဲ...။
လေးယောက်သား ရဲ့စိတ်ထဲတွင်တော့ ထိုသို့သာတွေးမှတ်ထားလိုက်သည်။

.
.
.
"မြ...ဂမုန်းနဲ့သစ်မင်း ကိုကြည့်ရတာတစ်မျိုးပဲနော်...  ခင် တို့လိုပဲ...သူတို့လည်းဟုတ်နေမလား..."

"ဟုတ်ပါ့မလား...ခင်ရယ်...မြတော့မထင်ဘူးနော်...သစ်မင်းနဲ့ဂမုန်းက တည့်ကြတာမှမဟုတ်တာ ခင် လည်းသိနေရဲ့သားနဲ့..."

"မြရယ်...ချစ်ခြင်းရဲ့အစ..မတည့်ခြင်းကတဲ့ ...မြနဲ့ခင်တောင် တဣသိုလ်တုန်းကတည့်လို့လား...နောက်ဆုံးနှစ်ရောက်မှ ခင်ရဲ့ခံစားချက်တွေဖွင့်ပြောပြမှ မြ လက်ခံပြီးတော့.. "

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now