အပိုင်း(၃၈)

11.4K 862 35
                                    

                            Unicode

ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ ၊ နားသများအားလုံးကိုရပ်ရွာအတွင်းသို့အားလုံးလှည့်လည်ပြီးချိန်တွင် ဆရာတော်ဘုရားမှ ရဟန်းလောင်း၊ ရှင်သာမဏေလောင်း ၊ နားသ များကိုတရားရေအေးတိုက်ကြွေးသည်။
ပြီးနောက် ဆံချခြင်းအမှုကို ကျင်းပသည်။
ဖိုးခွားလေးဆံချရာတွင် သစ်မင်းမောင်နှင့်ယမကာဂမုန်းက သဘတ်ဖြင့်ခံယူပြီး ပါရမီဖြည့်သည်။

ဆံချခြင်းအမှုပြီးမြှောက်တော့ ရေမိုးချိုးပေးကာ ဆရာတော်မှ အလှူရှင်/အလှူမနှင့် သာသနာ့ဘောင်ဝင်ကြသော ရဟန်းလောင်း၊ ရှင်သာမဏေလောင်း ၊ နားသများကို သီလပေးကာ သာသနာ့ဘောင်အတွင်းသို့သွတ်သွင်းပေးသည်။
သီလပေးပြီးချိန်တွင် ဘွဲ့အမည်နာမများချီးမြှင့်မြှောက်စားသည်။
ရဟန်းလောင်းများ ဘွဲ့တော်ပေးပြီးချိန်တွင် ရှင်သာမဏေလောင်းများအလှည့်ကျ၏။
ထိုအထဲနောက်ဆုံးတွင် ဖိုးခွားလေး၏အလှည့်ဖြစ်သည်။ဆရာတော်မှ ဖိုးခွားလေးကိုကြည့်ကာ...။

"စောမူလား....ကြာသပတေးနံ ဆိုတော့..."

"ရှင်ပညာဗလ..."

" ပညာ...'ဥာဏ်ထက်မြတ်ခြင်း'.."

"ဗလ...'ခွန်အားကြီးခြင်း'.."

"အဲ့တော့ ဒီက ကိုရင်လေးဘွဲ့တော်နာမည်က ဘာလဲ...မှတ်မိသလား.."

"ဟုတ်တဲ့.. မှတ်မိပါတယ်ဘုရား...တားဘွဲ့နာမည် ရှင်ပညာဗလပါ ဘုရား..."

ကတုံးပြောင်ပြောင် သက်န်းအနီလေးကိုလွှမ်းခြုံထားကာ ဆောင့်ကြောင့်ထိုင်ပြီးလက်အုပ်ကလေးချီထားကာ သူ့ရဲ့ဘွဲ့နာမည်ကို မပီကလာပီကလာ ပြောနေပုံလေးမှာ အသဲယားစရာလေးဖြစ်နေသည်။
ဘုန်းဘုန်းက သဘောကျသလိုပြုံးပြီး... ဂေါပကလူကြီးများကို ဆွမ်းကပ်ဖို့ပြင်ဆင်ခိုင်းသည်။

"ဂေါပကတွေ ဦးဇင်းတွေ ကိုရင်တွေ သီလရှင်တွေ ကိုဆွမ်းကပ်မယ်..
ဦးဇင်း ၂၃ပါး ၊ ကိုရင် ၅ပါး ၊ သီလရှင်၃ပါး...စုစုပေါင်း  ၃၁ တစ်ပါး...ဟင်းပွဲတွေအခုပဲပြင်ဆင်ကြ..."

ဘုန်းဘုန်းက မိုက်ခ်ကြီးနှင့် အော်ပြောသည်။
အားလုံးဆွမ်းစားပြီးချိန်တွင် တရားနာလာကြသော လူအများနှင့် ဥပုပ်သည်များကို ထမင်းများဖြင့် ဧည့်ခံကာကျွေးမွေးသည်။
သစ်မင်းမောင်နှင့်ယမကာဂမုန်းက ကိုရင်လေးကိုလက်ကဆွဲပြီး ဆုတောင်းပြည့်ဘုရားကုန်းပေါ်သို့တတ်လာကြ၏။
ပန်းလှိုင်မြစ်ဘေးတွင်တည်ရှိသည်မို့ ပူအိုက်နေပေမယ့် လေအေးအေးကတော့တိုက်ခတ်နေသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now