အပိုင်း(၁၁)

14.7K 1.1K 28
                                    

                        Unicode

~~~~ချစ်တဲ့အကြောင်းတွေပြောလွန်လွန်းတဲ့မောင့်ကိုပင်...အပြစ်တွေအဖို့ဖို့စိတ်တွေဝင်လာရင် ချစ်ရဲ့သားနဲ့မမုန်းပါနဲ့လို့တောင်းပန်ချင်!...ခင်ညာတစ်ပါးသက်ထားရွှေစင်...

ချစ်ရဲ့လားလို့ ခဏခဏမေးတဲ့မောင့်ကိုပင်...~~~"

"တိုကြီး ဂမုန်း.. "

ယမကာဂမုန်းသည် သူစိုက်ထားတဲ့ ဂမုန်းပန်းများကိုရေလောင်းပေါင်းသင်နေရင် သီချင်းဆိုနေသည်။
ရုတ်တရက် ဖိုးခွားလေးက အော်ခေါ်လိုက်ခြင်းကြောင့်ဆိုနေတဲ့သီချင်းဟာ တစ်ဝက်မှာတင်ရပ်တန့်သွားသည်။

"ဖိုးခွား..ကိုကြီးကိုဘာပြောစရာများရှိလို့လဲကွ.. ဒါနဲ့ အဘ ရောမတွေ့မိပါလား.."

"အဘက ရွာဦးဘုန်းကြီးကျောင်းသွားတယ်... တိုကြီးကိုယေ တား...မေးစရာရှိလို့.."

ဟ!!အဆန်းပါလား။ကုကိုုင်တုံးများချထားရာနေရာတွင် ဖိုးခွားလေးကဝင်ထိုင်ကာဆို၏။
ကြည့်ရတာ သူတစ်ခုခုပြောချင်ပုံပေါ်သည်။
ယမကာဂမုန်းလည်း လက်ဝါးဂမုန်းပင်အိုးထဲသို့ မြေဆွေးများဖြည့်ထည့်ကာ နားထောင်နေလိုက်သည်။

"မနေ့က တိုကြီးတို့ ကြောတာတကယ်လား...တားရဲ့အမိုးကတိုကြီးသစ်မင်းပေါ့ အဘက တိုကြီးဂမုန်းပေါ့ ဟုတ်ရား..."

ဖိုးခွားမေးတာကို ဂမုန်းတစ်ချက်တွေဝေသွားသည်။အမှန်တော့စိတ်ဆိုးကာ မငွေခင်ကို သူတို့နှစ်ယောက်ပြောခဲ့တာကို ဖိုးခွားက အတည်ကြီးထင်နေတာနဲ့တူတယ်။

"အာ!...ဘယ်ရသာ မဟုတ်.."

"ဒါပေမယ့်လည်း တိုကြီးသစ်မင်းက တားအမိုးဖြစ်သင့်တယ်။ဘာယို့ဆို တိုကြီးလို့ဗလတွေလည်းသိပ်မရှိဘူး...ဒါပေမယ့် မျက်ခုံးကြီးကတော့မိုက်တယ်..တိုကြီးဂမုန်းက ကျအဲ့ယိုမဟုတ်ဘူး အသားညိုပေမယ့်ဗလကြီးလည်းရှိတယ်..ပြီးတော့ အမ်းး..."

ဖိုးခွားက ကျုပ်မျက်နှာကိုကြည့်ပြီးသေချာအကဲခတ်တယ်။

"ပြီးတော့ တိုကြီးဂမုန်း ကဆံပင်တွေဘာတွေညှပ်ပြီး သေချာဝတ်စားရင်သိပ်ချစ်ဖို့ကောင်းမှာ.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now