အပိုင်း(၂၄)

13.6K 1.1K 45
                                    

                         Unicode

"မောင်!!...ငါ လက်လွန်သွားပြီ.. "

ဂမုန်းကို လှည့်မကြည့်ပဲနာကျင်နေတဲ့ခေါင်းကို လက်ဖြင့်အသာဖိပြီး သစ်မင်းမောင် အိမ်ကိုပြန်လာတယ်။
အရာအားလုံး ကိုလျစ်လျှူရှူပြီး သစ်မင်းမောင် အခန်းထဲရှိခုံလေးတွင်အချိန်တစ်ခုကြာသည်အထိ ထိုင်နေမိသည်။
သူပါးစပ်မှ လက်လွတ်စပါယ်ပြောလိုက်မိခြင်းမဟုတ်...သူ့ရဲ့တကယ့်ခံစားချက်ကိုပြောလိုက်မိခြင်းသာ..အခုဆို ဂမုန်းလည်းသူ့ကိုအထင်သေးကာ ပိုလို့ပင် မုန်းနေလိမ့်မည်။

ဟူးးးးးနာကျင်နေတဲ့ခေါင်းကိုလျစ်လျှူရှူကာ အိပ်ရာထဲသာတိုးအိပ်နေလိုက်တယ်။
ဂမုန်းပင်ရဲ့ လက်စကပြင်းတယ်...။
ခေါင်းက မူးမိုက်နေပြီးအမြင်အာရုံများဝေ ဝါးလာသည်။ထိုနောက် သူအမြင်အာရုံများ အမှောင်အတိသို့ကူးပြောင်းပြန်တယ်။

ရင်ထဲပူလောင်လှသည်။သူ လုပ်လိုက်တာလွန်သွားမှန်းသိပါတယ်...ဒါပေမယ့် ဒီလိုကြီးရုတ်တရတ် ပြောချလိုက်တာတော့ သူလည်းလက်လွန်သွားခြင်းသာ...သူ...သူစိတ်များဆိုးသွားပြီလားမသိ။
မဖြစ်ဘူး...ငါဆေးသွားထည့်ပေးရမယ်...ဒဏ်ရာများသွားရင်ဆေးခန်းလိုက်ပို့သင့်ရင်ပို့ပေးရမှာပဲ...။
ဂမုန်း အိမ်ပေါ်သို့ပြေးတတ်ကာ အရက်ပြန်နှင့် ဂွမ်းထုတ်အပါအဝင် ပတ်တီးလိတ်ကိုပါ တစ်ခါတည်းယူပြီး သစ်မင်းမောင် တို့အိမ်ညကျသွားရန်ပြင်ဆင်ထားလိုက်တယ်။

အချိန်ကားးးညနေ၁၀နာရီဝန်းကျင်လောက်ရှိပြီ။
လူခြေတိတ်ကာ အားလုံးအိပ်ချိန်ရောက်မှ ယမကာဂမုန်း ဆေးနှင့်လိုအပ်တာများကို ပုဆိုးခါးပုံစထဲထည့်ကာ အိမ်ရှေ့အိမ်ကိုထွက်လာခဲ့သည်။
ခြံတံခါးကိုပိတ်ထားတာကြောင့် ထုံးစံအတိုင်းပုဏ္ဍားရိတ်ပင်များကိုခွကျော်ကာ သစ်မင်းမောင် အခန်းထဲဂမုန်းဝင်လာခဲ့သည်။
အိပ်ယာအထက်တွင် နှဖူးအထက်သို့ဘယ်ဘက်လက်ကိုတင်ကာ သစ်မင်းမောင် အိပ်​နေ
သည်။ဂမုန်း အနားသို့တိုးကပ်သွားလိုက်တယ်။
ခေါင်းကသူလုပ်လိုက်တဲ့ဒဏ်ရာကိုကြည့်တော့ သွေးများပင်ခြောက်ကာနေသည်။
ဟူးးးးးမင်းဘာမှမလုပ်ပဲ ဒီအတိုင်းအိပ်နေရသလား သစ်မင်းမောင်.. ။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now