အပိုင်း(၆)

16.1K 1.4K 86
                                    

                    Unicode

"ဟဲ့...စိုးစိုး ငါတို့လည်းပါးစပ်ပါတယ် လာကျွေးဦးဒီကို..."

ကောက်ညှင်းပေါင်း ဗန်းကိုကိုင်ပြီး သစ်မင်းမောင် နဲ့ဂမုန်းနားမှာ ဆောင့်ကြောင့်ထိုင်ပြီးခွံ့ကျွေးနေသည်။
ကျန်တဲ့ ၄ယောက်ကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်။
ဗိုက်ဆာနေတဲ့လူအချင်းချင်းကို ရုပ်ချောတဲ့သူတွေကပို၍သာသွားသည်။
သူတို့လို့ ကွမ်းသမား၊ကြက်သမား၊အရက်သမား၊ဖဲသမားတွေကိုတော့ ရှိတယ်လို့တောင်မထင်... နေပါဦး အဲ့လိုပြောကျေးဆို ဟိုနှစ်ကောင်က သူတို့ထက်တောင်ပို၍ဆိုးနေသေးသည်။
သြော်....သူတို့အဖြစ်က အခြောက်မ စိုးစိုးတောင် မရွေးတဲ့အဖြစ်ပါလား။

လေးယောက်သား ဗိုက်နှိပ်ပြီးနေကြ၏။မနေနိုင်တဲ့အဆုံး တိုးကြီး ကထပြောသည်။
အဲ့လိုပြောတော့ စိုးစိုးက နှုတ်ခမ်းကိုတစ်ထွာလောက်ဆူပြီး ဆောင့်ဆောင့်အောင့်အောင့်နှင့် ကောက်ညှင်းပေါင်းဗန်းကိုင်ပြီး သူတို့အနားလာထိုင်သည်။

"ရော့...မြို..!!"

"ဟ...စိုးစိုး နင်ကလည်း အားကြီးနဲ့ပြောလိုက်တာ မြို တဲ့လားဟာ...နင်... နင့်ရဲ့ကော်ရီးတွေကိုကျခွံကျွေးနေပြီး ငါတို့ကျ မြို တဲ့လား.... နင်အရမ်းမျက်နှာလိုက်တာပဲဟာ...!!"

"စိုးစိုးတို့ မျက်နှာလိုက်မှာပေါ့...ဟိုခွေးနှစ်ကောင်က စောက်ရမ်းစွတ်ချောနေတာကိုး..."

ဆားရေစိမ်က မကျေမချမ်းအသံကြီးဖြင့်ဆိုသည်။

"အမှန်ပဲလေ...ဘာပဲဖြစ်ဖြစ် နင်တို့လေးယောက် ငါ့ကော်ရီးနှစ်ယောက်ကို မယှဥ်နိုင်ဘူး.."

"ဟေ့ကောင်...သာလှ တွေ့တယ်မလား ယမကာဂမုန်းတို့ချောတာ စိုးစိုး တောင်မနေနိုင်မထိုင်နိုင်ဖြစ်နေပြီ။
ငါ့လို ရုပ်ချောပြီးအဘက်ဘက်ကပြည့်စုံနေတဲ့ လူကို မရရင် လုံမပျိုလေးတို့နောင်တရမှာ အမှန်ပဲပေါ့..."

ဟွန့်... သူ့လိုအမူးသမားကို လမပြည့်၊ ပြားမပြည့်တဲ့ကျပ်မပြည့် ကောင်မလေးတွေပဲကြိုက်မှာပေါ့...သူနဲ့ယူတဲ့သူတော့ ညဘက်ထန်းရည်အနံ့ ၊ နံနံစော်စော်နဲ့ အိပ်ရမှာတော့မြင်ယောင်မိပါသေးတယ်။
သစ်မင်းမောင် ကစိတ်ထဲကနေ တွေးနေ၏။
ဘာပဲဖြစ်ဖြစ် ယမကာဂမုန်း ဆိုတာ သစ်မင်းမောင်ဆိုတဲ့ကျွန်တော်ကိုလုံးဝ မကျော နိုင်ဘူး။
ရုပ်ရည်ကအစ။နေပုံထိုင်ပုံအဆုံးထိ ကျွန်တော် ဆိုတဲ့ သစ်မင်းမောင် ကသာ ပထမဆုံးဖြစ်သည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now