အပိုင်း(၂၁)

13.4K 1.1K 52
                                    

                       Unicode

နေ့လယ်အချိန်မို့ နေကလည်းခေါင်းပေါ်သို့အရှိန်ပျင်းစွာ ထိုးကျနေသည်။
ကြာလာတာနှင့်အမျှ အပူဒဏ်ဟာပိုပို၍ပြင်းလာခြင်းကြောင့် ယမကာဂမုန်း မောဟိုက်ကာ နှဖူးတွင် ချွေးများတောင် ထွက်နေချေပြီ။
ကသင်းပေါ်သို့ ပေါက်တူးကိုပစ်ချပြီး ခပ်ယိုင်ယိုင်လယ်စောင့်တဲထဲသို့ ပြန်ဝင်လာသည်။
ထိုနောက် သောက်ရေအိုးစင်က ရေတစ်ခွက်ကိုတကျိုက်တည်းမော့သောက်လိုက်သည်။

ဟူးးးးးးအမောကိုပြေသွားတာပဲ..။

ရေအိုး၏အောက်ခြေတွင် သဲကြမ်းများထည့်ထားသည့်အတွက်ကြောင့် ရေဟာအေးလှသည်။
ရေသောက်ပြီးကာကျ တဲထဲဝင်ထိုင်ကာ အိမ်ကထည့်လာသော နေလည်စာကို စားသည်။
သူကိုယ်တိုင်ချက်ထားတဲ့ ငါးဆားနှယ်ဟင်းနှင့် ပုစွန်ကြော်..ဒီနေ့အဖို့တော့ထမင်းမြိန်လှသည်။
ထိုနောက် စားသောက်ပြီးတော့ သူများတွေလိုအချိုတည်းခြင်း မဟုတ်တဲ့ ယမကာဂမုန်း ရဲ့ အခါးရည်တည်းခြင်း..။

ထန်းရည်အခါးအိုး ကိုမော့ပြီးအာသာပြေအောင် သောက်သည်။

" ဟျောင့်! !"...ဂမုန်း! !"

"ဖူးးးးးးးအဟွတ်...အဟွတ်..."

ထန်းရည်မော့သောက်တုန်းရှိသေး တဲအရှေ့ပေါက်မှ အောင်မောင်းက အမောတကြီးနှင့်သူ့အရှေ့ဘွားခနဲပေါ်လာသည်။
လန့်သွားတာကြောင့်..သောက်နေတဲ့ထန်းရည်တောင် သီးပြီး ချောင်းတွေတဟွတ်ဟွတ်ဖြင့်...။

" ီးလိုမှပဲ...အောင်မောင်း ဘာဖြစ်လာတာလဲ.."

ဂမုန်းကထန်းရည်အိုးကိုဘေးသို့ချပြီး...မကျေနပ်သလိုပြောတယ်။
ဒါပေမယ့်...အောင်မောင်းဟာ အမောမပြေသေးပဲ ရင်ဘက်ကိုဖိပြီး အသပ်ကိုဝအောင်ရှူနေသည်။သူ့ပုံစံဟာ တကယ်ကိုလောနေပြီး...ကြောက်စရာအကောင်တစ်ကောင်ကိုမြင်လာသည့်နှယ်..။

"ဟောဟဲ...ဟောဟဲ... ဟောဟဲ... ဟို...ဟို..."

"ကျစ်...ီးလိုပဲကွာ...ပြောစရာရှိတာပြော ဟ..

ရွာထဲကိုသာ လက်ညှိုးထိုးပြီး တဟိုဟိုနှင့်။
ကြာလာတော့ ဂမုန်း စိတ်မရှည်လို့အော်လိုက်မိသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now