အပိုင်း(၈)

15K 1.2K 15
                                    

                       Unicode

" ဟျောင့်.... သစ်မင်းမောင် ဖြစ််ပါ့မလားကွာ ငါဆရာတော်ရဲ့ကြိမ်လုံးကိုကြောက်တယ်ကွ..မင်းဘကြီးဘုန်းကြီးရဲ့လက်စကိုမင်းသိရဲ့သားနဲ့..."

"ီးလိုပဲကွာ...ငယ်ငယ်ထဲကအခုထိ ဘုန်းဘုန်းမသိအောင် သူ့မရမ်းပင်တွေက မရမ်းသီးတွေကိုခိုးနေကျပဲ...မိတော့ရောဘာဖြစ်လဲ... နောက်ဘဝတို့သူငယ်ချင်းတွေရေစက်ဆုံအောင် အတူတူအရိုက်ခံကြတာပေါ့.."

သစ်မင်းမောင် ရဲ့စကားကိုကြားပြီး တိုးကြီး၊ပွကြီးနှင့်ဆားရေစိမ်တို့ မျက်နှာများရှုံ့တွသွားကြတယ်။
အေးလေ...ဘာပဲဖြစ်ဖြစ် ငယ်ငယ်ထဲကအတူတူနေလာကြသူတွေမို့ သွားလည်းအတူတူ၊စားလည်းအတူတူ၊ခိုးလည်းအတူတူ၊အရိုက်ခံရလည်းအတူတူပဲပေါ့။

"ပွကြီး မင်းကဒီနားမှာနေပြီး ကပိယကြီးကိုကြည့်နေ လူလာတာနဲ့"ဥသြ ဥသြ"ဆိုပြီးငှက်လိုတွန်ပြီး အချက်ပေး။တိုးကြီးနဲ့ဆားရေစိမ်က ငါနဲ့လိုက်ခဲ့.."

သူတို့သုံးယောက် ကျောင်းအနောက်မှာစိုက်ထားတဲ့ မရမ်းပင်တွေဆီချဥ်းကပ်လာကြသည်။
" ကျောင်း ပစ္စည်း အဆိပ်သီး"တဲ့ သူ့အတွက်ကတော့ ဘကြီးဘုန်းဘုန်း ပစ္စည်းဟာ သစ်မင်းမောင် ပစ္စည်း ပဲဖြစ်သည်။
အခိုင်ခိုင်သီးနေတဲ့ မရမ်းချိုပင်ကြီးကိုကြည့်ပြီး သူ့မျက်လုံးများအရောင်တောက်နေသည်။
ပုဆိုးကိုကတောင်းကျိုက်ပြီး သစ်ပင်ကိုဦးချကန်တော့ကာ ခပ်မြန်မြန်ပဲအပင်ပေါ်တတ်လိုက်တယ်။
ငယ်ငယ်ထဲက မရမ်းပင်ပေါ်ကျွမ်းကျင်စွာတတ်နေသူမို့ မိနစ်ပိုင်းလေးအတွင်းအပင်ခွဆုံသို့ရောက်သွားသည်။
အနီးအနားမှာရှိတဲ့ မရမ်းသီးမျာကို ခါးပုံစထဲသို့ထိုးသိပ်ကာထည့်သည်။

စိတ်ကြိုက်ခူးလို့ အဲ....စိတ်ကြိုက်ခိုးလို့ဝမှအပင်ပေါ်ကပြန်ဆင်းသည်။
ထိုနောက် မရမ်းသီးများကို ဆားရေစိမ်တို့ဆီတဆင့်ပြန်လွှဲပေးလိုက်သည်။
ဘုန်းဘုန်းဆီက တောင်းစရာရှိသေးတာကြောင့် သစ်မင်း ကျောင်းပေါ်တတ်ခဲ့၏။

"ဘုန်းဘုန်း...ဘုရား.."

ဆယ်စောင်တွဲ ပရိတ်ကြီးစာအုပ်ကို ပါဝါမျက်မှန်ကြီးတတ်ပြီးဖတ်နေသော ဘုန်းဘုန်းကမျက်မှန်ကြီးအောက်ကကြည့်သည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now