အချပ်ပို(၁)

9.4K 622 7
                                    

Unicode

" ဂမုန်းရေ..ဝေ့ ယမကာဂမုန်း.. !!"

သာလှတို့အုပ်စု ခြံဝိုင်းရှေ့မှအိမ်ထဲသို့မျှော်ကြည့်ကာ ခေါ်သည်။သို့ပေမယ့် မည်သူမှပြန်ထူးခြင်းမရှိ။
နေပါဦး... ဦးလေးဘသောင်းနဲ့ဦးလေးဖိုးထွေးပြောတာတော့ ဂမုန်းတို့အိမ်မှာရှိတယ်ဆို။ အခုတော့လိပ်ထွက်မတတ်အော်ခေါ်တာတောင် ခွေးတကောင်ကြောင်တမှီးတောင်ထွက်မလာ..။
အဲ့ဒါနဲ့ ကျုပ်တို့လည်း အိမ်နောက်ဖေးဘက်မှာရှိလောက်မယ်ထင်တာနဲ့ ကျုပ်ရယ်..အကိုအောင်မောင်းရယ်၊ ဆားရေစိမ်ရယ် ၊ တိုးကြီးရယ် လျှောက်လာကြတာပေါ့ဗျာ..။

"မောင်..!! မင်းကွာ..ဒီလောက်အပေါက်အကျယ်ကြီးကို ဝင်အောင်မထည့်နိုင်ဘူးလား ..!!"

"ဟ!!!"

ဘာတွေထည့်နေကြတာတုန်းဟ!! အသံကြားသည်ဆိုရင်ပဲ လေးယောက်သား အိမ်မြှောင်တို့ တောက်တတ်တို့လိုရေနံချေးဝအောင်သုတ်ထားသော အိမ်နံရံဘေးသို့ပြေးကပ်ကြသည်။
ထို့နောက်...တစ်ယောက်ကိုတစ်ယောက်အချက်ပေးပြီး အသံတိတ်နားစွင့်နေကြတယ်။

"မောင့်ဂမုန်းပင်ရယ်...အပေါက်ကအရမ်းကြီးမကျယ်လို့ မောင်ထည့်တာမဝင်တာပေါ့.."

" ဟျောင့်တွေရေ...အခြေအနေကတော်တော်ကောင်းနေပြီဟ...ငါတို့အချိန်ကောင်းကိုရောက်လာကြတာပဲ..ခိခိခိ..!!"

တိုးကြီးက အသံခပ်အုပ်အုပ်ဖြင့် ကြားရုံမျှပြောသည်။
ဒါကို ဆားရေစိမ် တို့က ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံတယ်။
အဲ့လိုပဲ အာရုံစိုက်ကာဆတ်ပြီးနားထောင်သည်။.

"ဟာ....မောင် မြန်မြန်လုပ်...ဝင်...ဝင်တော့မယ်..."

"အင်းးးးမောင် ထည့်ပြီ..ထည့်ပြီ..."

"ဟာ...ချော်သွားပြန်ပြီကွာ..."

သစ်မင်းမောင် က စိတ်ပျက်စွာငြီးဆိုသည်။အိမ်နံရံဘေးတွင်ခိုးနားထောင်နေကြသော သကောင့်သား၄ယောက်မှာ တစ်ယောက်အပေါ်တစ်ယောက်ထက်လျက်။

" ကိုင်ရတာ...ညောင်းလာပြီ မောင်ရယ်.."

" ဟျောင့်တွေရေ... ငါထင်သလို မင်းတို့ထင်ကြလား..."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now