အပိုင်း(၁၉)

14.2K 1.1K 128
                                    

                     Unicode

"ီးမို့လို့လား... မလာချင်ရင်လည်းမလာနဲ့ ဟျောင့်..ငါ့ကိုလာပြီးသောကလာမပေးနဲ့..."

ငါ ီုးထဲမှ!!...မလာချင်တာမှန်ပေမယ့် ငါအခုရောက်နေပြီလေ လဒ ကောင်ရဲ့။
သိပြီ။ ခွေးသူတောင်းစား ကသူနဲ့မတည့်တဲ့ငါလာလို့ နောက်ခိုင်းပြီးနေတာထင်တယ်...ငါ့နေရာမှာ ခင်ထား ဖြစ်ကြည့်ပါလား အခုလိုနောက်ခိုင်းနေမယ်မထင်။
ယမကာဂမုန်း စိတ်ထဲကသာတွေးနေမိ၏။ သူအပြင်မှာတော့ ထုတ်၍မပြောချေ။
ဆန်ပြုတ်ပန်းကန်ကို ကိုင်ပြီး သစ်မင်းမောင် ဆေးသောက်ရန် ထက်ပြီးနိုးလိုက်တယ်..။
လေသံကိုအရင်လိုမမာတော့ပဲ ပုံမှန်အသံဖြင့်သာ...။

"မောင်!!...ဒီဘက်လှည့်ခဲ့...ဆန်ပြုတ်သောက်ပြီးဆေးသောက်ရဦးမယ်...ဒါမှမဟုတ်... မင်းသောက်လို့ပြီးရင် ငါ....ငါ..ခင်ထား ကိုသွားခေါ်ပေးမယ်လေ.."

ဂမုန်း ရဲ့စကားအဆုံး သစ်မင်းမောင် အံ့သြမှုများဖြင့်လှည့်ကြည့်ပြီးထ ထိုင်တယ်။
ဘာလဲ..?? ဂမုန်းပင်က သူ့ကို 'မောင်' လို့ခေါ်လိုက်တာလား...။
ဒီကောင် အရင်လိုလည်းလေသံမမာတော့။
တစ်ခုပဲ...သူခေါ်လိုက်တဲ့ မောင်ဆိုတဲ့ အသံကိုကြားလိုက်တော့ ကျုပ်ရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိဘူး...ကလိကလိနဲ့။ရင်ဘက်ထဲလိပ်ပြာအကောင် ၁၀၀၀ ပျံဝဲနေသလို တလှပ်လှပ်နှင့်...။

"မောင်...မင်းဖျားနေတယ်ဆို လက်ရှည်လေးဘာလေးဝတ်မထားဘူး...ီးလိုမှပဲ...အအေးပတ်ပြီးသေရင် ကူငွေက ၅၀၀၀လောက်နဲ့မရတော့ဘူးနော်..."

"ဂမုန်းပင်.. "

သစ်မင်းမောင် ခေါ်တော့ ဂမုန်းက 'ဘာလဲ' ဆိုတဲ့ပုံစံနဲ့မေးငေါ့ပြသည်။

"မင်း..ငါ့ကိုမောင်လို့ ခေါ်လိုက်တာလား..."

"အေးလေ...ဘာဖြစ်လို့လဲ...မင်းနာမည်က သစ်မင်းမောင်လေ...မောင်ပါလို့ အဖျားစွတ်ပြီး မောင် လို့ခေါ်တာ မင်းမကြိုက်ရင် အရင်လို နှုတ်ခမ်းမွှေးနဲ့နွား လို့ပဲခေါ်မယ်..."

" ီးကိုမှ နှုတ်ခမ်းမွှေးနဲ့နွား လား...မောင် ဆိုတဲ့နာမည်ပဲကောင်းတယ်...အဲ့လိုပဲခေါ်.."

"နှုတ်ခမ်းမွှေးနဲ့နွား... !!"

" ီးလိုမှပဲ.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now