အပိုင်း(၂၀)

14.4K 1.1K 59
                                    

                        Unicode

"အီးးးးးတား မဝတ်ချင်ဘူး....တိုကြီးဂမုန်း... ဟင့်....အီးးးးးမဝတ်ချင်ဘူးယို့....ရွှတ်!!..."

"မဝတ်လို့မရဘူး လေ...ဖိုးခွားရဲ့...ကျောင်းအပ်တယ်ဆိုမှတော့ ကျောင်းစိမ်းဝတ်ရမှာပေါ့ကွ.."

"ဝတ်ချင်ဘူး...အီးးးးဟီးးးး...တိုကြီးသစ်မင်းရေ....ကူပြောပေးပါဦး...တား...ရိုးရိုးအကျီပဲဝတ်မှာ.."

ကျောင်းအပ်ဖို့ ကျောင်းစိမ်းဝတ်ခိုင်းတာကို ရိုးရိုးအကျီပဲဝတ်မယ် တကဲကဲလုပ်နေသည်။
အမယ်...သူကသစ်မင်းမောင်ကိုတောင် စစ်ကူခေါ်နေသေးရဲ့...။
နှပ်ချေးတွဲလောင်းကျကာ..မျက်ရည်တွေဘူးသီးလုံးလောက်ကျပြီး ခေါင်းကိုသာခါရမ်းနေသည်။

"မောင်!!..မင်း ကလေးကိုကူပြောပေးစမ်းပါကွာ..အဲ့တိုင်းကြီး ထိုင်ပြီးသေမနေနဲ့..."

ဂမုန်းဆိုတော့ သစ်မင်းမောင်က ပျာပျာသလဲနှင့် ဖိုးခွားလေးကိုချော့ပြောသည်။
ကျောင်းအပ်ရင် သူတို့နှစ်ယောက်စလုံးသွားမှာမို့ ဖိုးခွား ကိုပြင်ဆင်ပေးနေသည်။

"ဖိုးခွား... သားလေးကလိမ်မာပါတယ်...နောက်ကျရင် ကိုကြီး သားကိုအုန်းရွက်နဲ့ငှက်ရုပ်ထိုးပေးမယ်လေ.."

သစ်မင်းမောင် ပြောတော့ ဖိုးခွားက မျက်ရည်တွေအသောသောကျနေရင်း စဥ်းစားခန်းဝင်သည်။
နောက်တော့ သဘောတူသည့်ပုံစံဖြင့်..ခေါင်းညှိမ့်ပြသည်။

"ဖိုးခွား တို့များနော်...ဒီရက်ပိုင်း ကိုကြီးဂမုန်း စကားဆိုလုံးဝနားမထောင်ဘူး..."

" ဒီလိုပဲ...ကလေးသဘောကျအောင်လို့တော့ အလိုလိုက်ရတယ်လေ ဂမုန်းပင်ရယ်.."

" ီးကိုလား...အလိုကလိုက်တိုင်းကောင်းတာမဟုတ်ဘူး..ကြာရင်ပျက်ဆီးလိမ့်မယ်... ဖိုးခွားမလိမ်မာပဲ ပျက်ဆီးရင် မင်းကိုငါထိုးမှာ သစ်မင်းမောင်.. "

"မောင် က မထိုးချင်ဘူး...မောင်က ီုးချင်တာ.."

" ီးလိုပဲ...ခွေးသူတောင်းစား... !!"

ထိုနောက် ဖိုးခွားကိုချော့ကာပြောလို့ရတော့ ကျောင်းစိမ်းလက်တိုလေးနှင့်ဘောင်းဘီ လေးကိုတွဲဖက်ကာဝတ်ပေးလိုက်သည်။
ပျော့ပျောင်းပျောင်းဆံပင်လေးကို အုန်းဆီဖြင့်သုပ်လိမ်းပေးပြီး ဘေးတစ်ခြမ်းလေးခွဲပေးလိုက်သည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now