အပိုင်း(၃၄)

11.7K 917 36
                                    

Unicode

ဆိုင်ကယ်ကို ခြံရှေ့တွင်ရပ်ပြီး ဝိုင်းထဲသို့ယမကာဂမုန်း ဒေါနှင့်ဝင်လာသည်။
ကွပ်ပစ်တွင် အကြမ်းရည်ထိုင်သောက်နေသော အဘနှင့် ဖိုးခွားကိုထမင်းခွံ့နေသော သစ်မင်းမောင် က မျက်လုံးအပြူးသားလေးများဖြင့် ကြည့်နေသည်။
ဆိုင်ကယ်သော့ကို လက်မှတင်းကျပ်စွာကိုင်ပြီး ဘေးနားရှိသရက်ပင်ကိုသာ ဒေါနှင့်မောနှင့်ထိုးကြိတ်နေသည်။
အဲ့တော့ သစ်မင်းက ကျုပ်ကိုလာဆွဲတယ်။
ထန်းတော မှာဖြစ်လာတဲ့ဒေါသက အခုထိမပြေသေး။
ီးလိုမှပဲ။
ခွေးသူတောင်းစား.ဟိန်းစိုး... အဲ့ကောင်ကို အရေခွံစုပ်ပစ်ချင်လောက်အောင်...မုန်းသည်။
အဲ့တော့ ဒေါသများကို သရက်ပင်အပေါ်ပုံချမိသည်။

"ဂမုန်းပင်... ဘာ..ဘာဖြစ်လာတာလည်း..​ပြော...မောင့်ကိုပြော...မင်းကိုဘယ်သူဘာလုပ်လိုက်လို့လည်း..."

သစ်မင်းမောင် စိုးရိမ်စွာမေးမိသည်။ ဂမုန်းကစိတ်ကြီးတတ်ပေမယ့် သူဒီလောက်အထိသူ့အသားနာအောင် မလုပ်တတ်။
သရက်ပင်ကို ထိုးနေတဲ့လက်တစ်စုံကို သစ်မင်းမောင် ယူကာ ဆုပ်ကိုင်ထားမိ၏။

"ငါ့ကို... အဲ့ကောင် ဘာထင်နေလဲမသိဘူး.."

"သား...ဂမုန်း...မဟုတ်မှ ဟိန်းစိုး နဲ့တွေ့လာပြန်ပြီလား.."

ကွပ်ပစ်မှထလာပြီး အဘ ကမေးသည်။
ဂမုန်း အံကိုတင်းတင်းကြိတ်ထားတာကြောင့်အသားများတဆတ်ဆတ်တုန်လို့နေ၏။ ...။

"ဟုတ်တယ် အဘ... ဟိန်းစိုး... ကျုပ်ကိုဘာစကားပြောလိုက်တယ်ထင်လည်း....သူစိတ်ကျေနပ်အောင် သူ့ကိုစုပ်ပေးရမယ်တဲ့...ကျုပ်လည်းသည်းမခံနိုင်တော့လို့ ခေါင်းကိုထန်းရည်အိုးနဲ့ရိုက်ခွဲလာတယ်.."

"ကောင်းတယ်... ဂမုန်းပင်... အဲ့ကောင်ကအဲ့လိုလုပ်မှမှတ်မယ်.."

"ဟူးးးးးဒီခေတ်ကလေးတွေ တယ်ဆိုးပြီးတယ်မိုက်ကြပါလား...ကဲ..သားလည်းကိုယ့်အသားကိုအနာမခံနဲ့တော့...ရေချိုးပြီးရင် နည်းနည်းဖြစ်ဖြစ် နားလိုက်.."

ဂမုန်း ဖြစ်ပေါ်နေသောဒေါသစိတ်ကိုမနည်း
ဖြေဖျောက်ပြီး နောက်ဖေးရေစည်တွင်ခေါင်းမှလောင်း၍ ရေချိုးနေလိုက်သည်။
ဖိုးခွား ထမင်းစားနေတာမပြီးသေး၍ သစ်မင်းမောင် က ထမင်းပြန်ခွံကျွေးနေသည်။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now