Chapter 56

1.5K 226 2
                                    

Chapter 56 – လုမိသားစုဆီမှစာ

.

လူတို့တွေစကားပြောဆိုနေကြစဉ် ကျန်းကျွင်းမော့ပြန်ရောက်လာသည်။ သူ့ရဲ့ဆိုးရွားတဲ့ကျန်းမာရေးနဲ့ ပုံမှန်အားဖြင့်စကားနည်းလေ့ရှိသဖြင့် သူ့ရဲ့ရုပ်ရည်သွင်ပြင်ကြောင့် အစ၌လူတိုင်း‌အံ့ဩတုန်လှုပ်သွားကြတာကလွဲရင် သူကမတည်ရှိနေတဲ့လူတစ်ယောက်လိုပဲ တခြားသူတွေနဲ့စကားလက်ဆုံ ပါဝင်ပြောဆိုတာရှားပါးသည်။

သူပြန်ရောက်လာပြီးနောက်တွင် အားလုံးကိုခေါင်းညိတ်ကာနှုတ်ဆက်လိုက်ပြီး သူ့အခန်းဆီပြန်သွားသည်။ ခဏကြာပြီးနောက် စူးမန့်၊ကုရှန့်နန်နဲ့ ချန်ယွီကျောင်းတို့လည်း မြို့မှပြန်ရောက်လာကြသည်။ ကြည့်ရတာ သူတို့သုံးယောက်ကြားတစ်ခုခု ဖြစ်ပျက်ခဲ့ဟန်တူသည်။

စူးမန့်နဲ့ကုရှန့်နန်တို့မှာ အေးစက်စက်မျက်နှာထားတွေရှိနေကြစဉ် တစ်ဖက်မှာချန်ယွီကျောင်းသည် မျက်နှာပေါ်မှာရွှင်လန်းတတ်ကြွတဲ့အကြည့်ရှိနေသည်။ သူတို့တစ်ယောက်စီတိုင်းသည် အိတ်အမျိုးမျိုးသယ်ဆောင်ထားကြပြီး ပစ္စည်းတွေအတော်လေးအများအပြားဝယ်ယူခဲ့ကြောင်း ညွှန်ပြနေသည်။

ကျွမ်းဟုန်မိန်သည် သူတို့ကိုမနာလိုစိတ်နဲ့ကြည့်နေပြီး သူတို့ဘာတွေဝယ်ယူခဲ့ကြသလဲဆိုတာ သွားကြည့်ချင်စိတ်ပေါက်နေသည်။

လုရှသည်ကျွမ်းဟုန်မိန်မျက်နှာကအကြည့်ကို ဂရုမစိုက်ဘဲ အထဲဝင်ကာခဏလောက်အနားယူဖို့ ကြံရွယ်လိုက်သည်။ ဒါပေမယ့် သူမှာထရပ်လိုက်ချိန်မှာပဲ ကုရှန့်နန်ကသူမကိုခေါ်လိုက်သည်။

" ရဲဘော်လုရှ ဒီနေ့ကျွန်တော်စာတိုက်ရုံးကိုသွားတော့ မင်းဆီလိပ်စာတပ်ထားတဲ့စာတစ်ဆောင်ကိုမြင်ခဲ့လို့ မင်းအတွက်ယူခဲ့ပေးတယ် ကြည့်ရတာရောက်နေတာခဏတဖြုတ်တော့ကြာပြီထင်တယ်"

လုရှ မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ သူမဆီကိုဘယ်သူကစာရေးမှာလဲ? လုမိသားစုဆီကလာတဲ့စာများဖြစ်နိုင်မလား?

ဒါပေမယ့် သူမသည်သူ့ကိုပြုံးပြလျက် လက်လှမ်းကာစာကိုလက်ခံလိုက်ပါသေးသည်။
" ကျေးဇူးတင်ပါတယ် ရဲဘော်ကု"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်On viuen les histories. Descobreix ara