Chapter 41

1.6K 212 0
                                    

Chapter 41 – ဇာတ်လိုက်မရောင်ဝါ
.

တကယ်တော့ ကျွမ်းဟုန်မိန်ဒီလိုဖြစ်နေတာကိုမြင်လိုက်ရပြီးနောက်မှာ စူးမန့်လည်းနောင်တရမိသွားသည်။

ဒီမုန့်ပဲသရေစာတွေက သူမအတွက်သာမာန်ပဲလို့တွေးလိုက်မိပေမဲ့ ဒီခေတ်မှာသာမာန်လူတွေအတွက် ဒီအရာတွေကမတတ်နိုင်ကြောင်း သူမမေ့သွားခဲ့တယ်။ အထူးသဖြင့် သူမကတစ်ကြိမ်တည်းနဲ့အများကြီးကို ထုတ်ယူလိုက်မိသည့်အတွက်ပင်။

အခုချိန်မှာ သူမပိုပြီးတော့တောင်နောင်တရမိတာက သော့ယူလာဖို့မေ့ခဲ့တာပဲ။ အကုန်လုံးကိုဒီလိုမျိုးထားရစ်ခဲ့ဖို့က တကယ်စိတ်မချရပေ။

ဒီအကြောင်းတွေးလိုက်တော့ စူးမန့်သည်လုရှပိုင်တဲ့သော့ခလောက်နှစ်လုံးကို မနာလိုစွာတစ်ချက်လှမ်းကြည့်လိုက်ပြီး ရက်အနည်းငယ်အတွင်းမှာ သူမအတွက်တစ်ခုဝယ်ယူရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။

ညတွင် လူစုသည်အတူတကွဆက်လက်တိုးဝှေ့အိပ်ကြရသဖြင့် အဆင်မပြေဖြစ်ရပေမယ့် တခြားရွေးချယ်စရာမရှိပေ။ ထိုနေ့သည်ထိုကဲ့သို့ပင်ကုန်ဆုံးသွားသည်။

နောက်တစ်ရက် အလုပ်သွားချိန်ရောက်တော့ စူးမန့်သည်ဝက်စာမြက်တွေသွားဖြတ်ချင်ကြောင်း ရွာလူကြီးကိုပြောခဲ့ပြီး ရွာလူကြီးကသူမကိုတစ်ချက်ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိပဲသဘောတူလိုက်သည်။

သူကသိပ်တုံ့ဆိုင်းမနေခဲ့ပေ။ နောက်ဆုံးမှာတော့ ဒီပညာတတ်လူငယ်က အခြေနေကောင်းမွန်ပုံရတာကြောင့် သူမကဒီအလုပ်ရမှတ်တွေ ပြတ်လပ်နေလောက်မည်မဟုတ်ပေ။

ဒီပညာတတ်လူငယ်အားလုံးသည် မြို့ကြီးပြကြီးကလာတဲ့ကလေးတွေဖြစ်ပြီး သူတို့ထဲကတချို့သည် မိသားစုထံမှထောက်ပံ့မှုတွေရရှိကြသည်။ ထို့ကြောင့် ရွာလူကြီးသည်ဗီလိန်မလုပ်ချင်တဲ့အပြင် ဒီပညာတတ်လူငယ်တွေကလုပ်ဖို့ အလုပ်တွေပြတ်လပ်နေသည်လည်းမဟုတ်ပေ။

လုရှသည်လည်းဝက်စာမြက်သွားဖြတ်ချင်ခဲ့ပေမယ့် ဇာတ်လိုက်မကသွားမှာဖြစ်သည့်အတွက် အနောက်ကလိုက်သွားဖို့ သင့်တော်တယ်လို့မခံစားရပေ။ ထိုကြောင့် သူမသည်လူစုနဲ့အတူ ရိုးရိုးသားသားအလုပ်သွားလုပ်ရန်ဆုံးဖြတ်လိုက်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now