Chapter 49

1.5K 185 0
                                    

Chapter 49 –  ကူးပြောင်းလာခြင်းလား ပြန်လည်မွေးဖွားလာခြင်းလား
.

ဒါပေမဲ့ ထိုညမှာလူတိုင်းသည် ခက်ခက်ခဲခဲအိပ်ခဲ့ကြရသည်။

မူလက ခန်တစ်ခုအပေါ်မှာလူလေးယောက်အိပ်ခြင်းက ကျပ်ညှပ်နေပြီးသားဖြစ်ရာ အခုငါးယောက်ဆိုတော့ ပို၍ပင်မသက်မသာဖြစ်သွားသည်။ လုရှသည်ဟိုဖက်ဒီဖက်စောင်းဖို့ပင် ခက်ခဲသလိုခံစားရပြီး အရင်ကစူးမန့်ရဲ့ကမ်းလှမ်းမှုက်ိုငြင်းပယ်ခဲ့မိလို့ နောင်တရသွားသည်။

ဒီနေ့ပေါ်လာခဲ့တဲ့ချန်ယွီကျောင်းအကြောင်းကိုလည်းတွေးလိုက်မိပြီး သူမရဲ့စိတ်ရှုပ်ထွေးမှုတွေကြီးထွားလာသည်။ စာအုပ်ထဲမှာ ချန်ယွီကျောင်းက ဇာတ်ပို့တစ်ဦးထက်ဘာမှမပိုပဲ အထင်ရှားဆုံးဗီလိန်ဖြစ်တာကြောင့်ပါပဲ။ ဒါပေမဲ့ သူမကစာအုပ်အလယ်နဲ့နောက်ဆုံးအပိုင်းတွေမှာ ပေါ်လာခဲ့ပါသည်။ 

အဲ့ဒါကဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီးနောက် ပေကျင်းကိုပြန်လာပြီးနောက်မှာဖြစ်သည်။

ချန်ယွီကျောင်းသည်ကုရှန့်နန်ရဲ့အိမ်နီးချင်းညီမလေးဖြစ်ပေမဲ့ ငယ်သူငယ်ချင်းတွေလည်းဖြစ်သည်။ ကလေးဘဝတည်းကအရွယ်ရောက်တဲ့အထိ ချန်ယွီကျောင်းသည်ကုရှန့်နန်အနောက်တကောက်ကောက်လိုက်ကာ သူနဲ့ကစားရတာကိုကြိုက်သည်။ သူမကိုကုရှန့်နန်ရဲ့ဇနီးလေးဟု သူတို့မိဘတွေကမကြာခဏစနောက်တတ်ကြသည်။

ထိုအချိန်က ကုရှန့်နန်သည်သတိမမူမိတာကြောင့် စိတ်ထဲမထားခဲ့ပေ။ ဒါပေမဲ့ ချန်ယွီကျောင်းသည်အလေးအနက်မှတ်ယူခဲ့ပြီး ကြီးလာတဲ့အခါ ကုရှန့်နန်နဲ့လက်ထပ်ရမယ်လို့ အမြဲတမ်းယုံကြည်ထားခဲ့သည်။

နောက်တော့ ကုရှန့်နန်သည်ကျေးလက်သို့ထွက်သွားပြီး ချန်ယွီကျောင်းသည်ယဉ်ကျေးမှုအဖွဲ့ထဲဝင်ခဲ့သည်။ သူမကသူပြန်လာမှာကိုစောင့်နေရင်း ဘယ်သူနဲ့မှလုံးဝချိန်းမတွေ့ခဲ့ပေ။

ဒါပေမဲ့ သူမကလေးနှစ်တာစောင့်ဆိုင်းခဲ့ပြီး သူပြန်လာတာကိုကြိုဆိုခဲ့ပေမဲ့ သူနဲ့အတူကျေးလက်မှာတုန်းက လက်ထပ်ဖို့သူသီးသန့်ကတိပြုခဲ့တဲ့ ‌တခြားအမျိုးသမီးပညာတတ်လူငယ်အမျိုးသမီးတစ်ယောက်ပါလာခဲ့သည်။ ထိုအမျိုးသမီးကစူးမန့်ပါပဲ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now