Chapter 94

1.7K 220 3
                                    

Chapter 94 –  ကျန်းကျွင်းမော့အတွက်ယာဂုချက်ပေးခြင်း

.

ညနေစောင်းတွင် ကျန်းကျွင်းမော့နိုးလာသည်။ သူ့မှာအဖျားငွေ့ငွေ့ရှိသေးသော်ငြား ခန္ဓာကိုယ်ကတော့သိသိသာသာတိုးတက်ကောင်းမွန်လာပါသည်။

ဒါပေမယ့် လုရှသည်စိုးရိမ်နေသေးသည်။ တနေ့လုံး သူဘာမှမစားရသေးတာကိုတွေးမိလိုက်တော့ သူမအခန်းဆီပြန်သွားကာ သူတို့အတူချက်ပြုတ်စားသောက်လေ့ရှိတဲ့ ဒန်အိုးသေးသေးလေးကိုယူထုတ်လာသည်။

နေရာလွတ်ထဲမှာ သူမစိုက်ပျိုးထားခဲ့တဲ့ဆန်အနည်းငယ်ကိုပါထုတ်ယူလိုက်ပြီး ခြံဝင်းထဲကများသောအားဖြင့်ကျန်းကျွင်းမော့ ဆေးကျိုဖို့အသုံးပြုလေ့ရှိတဲ့မီးဖိုတွင် စိတ်ဝိညာဉ်စမ်းရေကိုသုံးကာယာဂုချက်လိုက်သည်။ ထိုအပြုအမူတစ်ဆက်တည်းက ပညာတတ်လူငယ်တွေကိုအံ့အားသင့်သွားစေခဲ့သည်။

စူးမန့်ပင်အံ့အားသင့်သွားပြီး မေးကြည့်လိုက်သည်။
" နင်ကျေးလက်ကိုလာတာအိုးပါသယ်လာခဲ့တာလား?"

လုရှ ရှက်ကိုးရှက်ကန်းနဲ့ရှင်းပြလိုက်သည်။
" ကျေးလက်ကိုရောက်လာပြီးရင် ကိုယ့်ဘာသာကိုချက်စားရမယ်လို့ ကျွန်မမိသားစုကထင်ခဲ့ကြတာကြောင့် ကျွန်မအတွက်အိုးတစ်လုံးပြင်ပေးချင်ကြတာ ဒါပေမယ့် စက်မှုလက်မှတ်တွေလုံလုံလောက်လောက်မရှိလို့ အိမ်ကဒန်အိုးအဟောင်းလေးတစ်လုံးပဲပေးလိုက်နိုင်တယ် ဒါပေမယ့် ကျွန်မကဒီနေရာမှာအားလုံးနဲ့အတူတူပေါင်းစားတဲ့အတွက် အရင်ကဒီအိုးကိုသုံးဖို့အခွင့်အရေးမရခဲ့ဘူး"

စူးမန့်ခေါင်းညိတ်လိုက်ပြီး သူမဒန်အိုးကိုလှမ်းကြည့်ကာ အတော်လေးအဆင်ပြေသားပဲလို့တွေးလိုက်သည်။ သူမမှာအခွင့်ရေးရှိတဲ့အခါ ကိုယ်အတွက်ကိုယ်တစ်လုံးလောက်ဝယ်ထားရမယ်လို့ စ‌ဥ်းစားလိုက်သည်။ အဲဒါဆို အပြင်မှာမီးဖိုသေးသေးလေးဖိုပြီး ချက်ပြုတ်စားသောက်ဖို့ အဆင်ပြေသွားပေလိမ့်မည်။

လုရှရဲ့ယာဂုနံ့လေးအလျင်မြန်ပျံ့နှံ့လာပြီး ပညာတတ်လူငယ်များနေရာကလူတိုင်း ဗိုက်ဆာလောင်လာကြသည်။ ပညာတတ်လူငယ်များနေရာက ညနေစာသည်လည်းယာဂုဖြစ်ပေမယ့် သူတို့ယာဂုကအစေ့အဆန်ကြမ်းတွေနဲ့ပြုလုပ်ထားခြင်းဖြစ်ကာ စိတ်ဝိညာဉ်စမ်းရေနဲ့ပြုလုပ်ထားတဲ့လုရှရဲ့ယာဂုကို မယှဉ်ပြိုင်နိုင်ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now