Chapter 71

1.1K 185 0
                                    

Chapter 71 –  မှန်းချက်နဲ့နှမ်းထွက်မကိုက်
.

အားလုံးရဲ့သဘောထားကိုမြင်လိုက်ရတော့ နောက်ဆုံးတွင်ကျိုးလိုင်အာရဲ့မျက်နှာထား ပျက်ယွင်းသွားသည်။ ခဏကြာပြီးနောက် သူမကကိုယ့်ဘာသာကိုယ်လှောင်ရယ်‌လိုက်သည်။
" ဆိုတော့ နင်တို့အားလုံးကဒီလက်ထပ်ပွဲကိုငါကတွက်ချက်ကြံစည်ပြီးရထားတာလို့တွေးပြီး ငါ့ကိုအထင်သေးနေကြတာမဟုတ်လား? ဒါပေမဲ့ ငါမကြံစည်ခဲ့ရင် ဘာကိုမှငါရနိုင်မှာမဟုတ်ဘူး နင်တို့တွေငါ့ကိုရော ငါ့ဘဝကိုရောနားမလည်ပါဘူး ငါကြီးပြင်းလာရတဲ့မိသားစုမျိုးကို နင်တို့မသိပါဘူး နင်တို့ကဘာအကြောင်းကြောင့်ငါ့ကိုအထင်သေးကြတာလဲ?"

" နင်တို့သိလား? ငါငယ်ငယ်တုန်းကငါ့နာမည်ကကျိုးလိုင်အာလို့မခေါ်ဘူး ငါ့ရဲ့ခေတ်နောက်ကျတဲ့မိဘတွေက ဒီလိုဆန်းပြားတဲ့နာမည်လှလှလေးကိုဘယ်လိုပေးတတ်ကြမှာလဲ? အသက်ခုနစ်နှစ်မတိုင်ခင်မှာ 'လာပါ' ဆိုတဲ့'လိုင်အာ'နဲ့ ငါ့ကိုကျိုးလိုင်အာလို့ခေါ်ခဲ့ကြတာ သူတို့ကသားတစ်ယောက်လိုချင်တာလေ ဒါကြောင့် သူတို့ကငါ့ကိုခွေးတစ်ကောင်ရဲ့နာမည်လောက်တောင်မကောင်းတဲ့ နာမည်မျိုးပေးခဲ့ကြတာ

ကျောင်းတတ်တော့ ဆရာမကငါ့နာမည်ကရိုးရိုးကြီးဖြစ်လွန်းတာကို သိသွားတဲ့အခါကျမှ ကျိုးလိုင်အာလို့ပြောင်းသွားခဲ့တာ ကောင်းတာတစ်ခုခုလိုချင်ရင် တိုက်ခိုက်ယူတာဖြစ်ဖြစ် လုယူတာပဲဖြစ်ဖြစ်လုပ်တတ်ရမယ်လို့ ငါငယ်ငယ်လေးထဲကသိခဲ့ရတာ မဟုတ်ရင် ကိုယ့်အပိုင်ဖြစ်လာမှာမဟုတ်ဘူး!

ဒါကြောင့် နင်တို့ငါ့ကိုအထင်ပဲသေးသေး သ‌ဘောပဲမကျမကျ ကိစ္စမရှိဘူး ဘာကြောင့်လဲဆိုတော့ ငါကအကျိုးအမြတ်ရသွားပြီးပြီလေ ငါ့ရည်မှန်းချက်‌ကိုအောင်မြင်သွားပြီ မကြာခင်ဒီနေရာကထွက်သွားနိုင်ပြီ နေ့တိုင်းနေ့တိုင်းခက်ခဲတဲ့အလုပ်ကိစ္စတွေ ဆက်လုပ်စရာမလိုတော့ဘူး

အဲ့ဒါကြောင့် ငါတို့ကတစ်နေရာထဲဆက်နေစရာမလိုတော့လို့ နင်တို့ဘာတွေးတွေးငါဂရုမစိုက်ဘူး"

ထိုစကားနဲ့အတူ သူမမေးကို‌မြင့်မြင့်မော့ကာ ပိုသာလွန်မြင့်မားတဲ့အနေအထားမှကြည့်သည့်အလား သူတို့ကိုငုံ့မိုးကြည့်ကာ ပစ္စည်းပစ္စ‌ယတွေနဲ့မော်မော်ကြွားကြွားထွက်သွားပြီး မင်္ဂလာသကြားလုံးတွေပင်မချန်ထားရစ်ခဲ့ပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now