Chapter 43+44

1.7K 210 0
                                    

Chapter 43 –  မြို့သို့သွားခြင်း

ရက်အနည်းငယ်ကြာပြီးနောက် လုရှအပြည့်အဝသက်သာသွားချိန်တွင် သူမတို့ရဲ့နားရက်ရောက်လာသည်။

လက်တလောတွင် သူတို့သည်ဆယ်ရက်အလုပ်လုပ်ခဲ့ကြပြီး တစ်ရက်အနားရသည်။ သူတို့သည်မြို့ကိုအတူသွားပြီး ပစ္စည်းတစ်ချို့ဝယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အထူးသဖြင့် ပစ္စည်းအများအပြားပြတ်လတ်နေသေးတဲ့ ပညာတတ်လူငယ်အသစ်တွေအတွက်ပင်။

လုရှသည်တကယ်တမ်းတွင်ဘာမှပြတ်လပ်မနေပဲ သူမနေရာလွတ်ထဲမှာအရာအားလုံးရှိပေမဲ့ ထိုပစ္စည်းတွေကိုထုတ်ယူဖို့အကြောင်းပြချက်တစ်ခု လိုအပ်သည်ပင်။ ထို့ကြောင့် သူမသည်သူတို့နဲ့အတူမြို့ထဲလိုက်သွားသည်။

လူစုသည်မြို့သို့လမ်းလျှောက်သွားကြပြီး နာရီဝက်ခန့်တွင်ရောက်လာကြသည်။ ဒီတစ်ခေါက်တွင် ပညာတတ်လူငယ်များနေရာက ပညာတတ်လူငယ်အများအပြား အတူလာခဲ့ကြပြီး နာမကျန်းဖြစ်နေတဲ့အလှလေး ကျန်းကျွင်းမော့ပင်အပြင်ထွက်လာခဲ့သည်။

ရောက်လာပြီးနောက်မှာ သူတို့သည်ပြန်ဆုံရန် အချိန်တစ်ခုသတ်မှတ်ခဲ့ပြီး လူချင်းခွဲသွားကြသည်။ လုရှသည်မြို့ထဲလမ်းပတ်လျှောက်လိုက်သည်။ မြို့သည်မကြီးမားရာ အဆုံးတစ်ဖက်မှ နောက်တစ်ဖက်သို့လမ်းလျှောက်သွားဖို့ အချိန်သိပ်မကြာလိုက်ပေ။

ပထမဆုံး ထောက်ပံ့ရေးနဲ့ရောင်းဝယ်ဖောက်ကားရေးသမဝါယမဆီ သွားလိုက်သည်။ ထိုနေရာသည်မြို့တော်က ထောက်ပံ့ရေးနဲ့ရောင်းဝယ်ဖောက်ကားရေးသမဝါယမတွေထက် အများကြီးပိုသေးပြီး အိမ်လေးတစ်လုံးသာသာပဲ။ သမဝါယမဆိုင်းဘုတ်သာမရှိရင် သူမနေရာမှားလာခဲ့မိသလားလို့ သံသယဝင်မိမှာ။

အတွင်းမှာလည်းရောင်းချရန်ပစ္စည်းအနည်းငယ်ပဲရှိပြီး အဓိကအားဖြင့် ဆီ၊ ဆား၊ ကြာညို့၊ ရှာလကာရည်တို့လို နေ့စဉ်သုံးမရှိမဖြစ်တွေလောက်ပဲ။ လုရှသည်ဝယ်ချင်တဲ့ပစ္စည်းတစ်ခုမှ မမြင်ခဲ့တာကြောင့် လှည့်ပတ်ကြည့်ပြီးနောက် အလျင်မြန်ထွက်လာခဲ့သည်။

ထို့နောက်  နိုင်ငံပိုင်စားသောက်ဆိုင်ဆီသွားကာစားသောက်ပြီး သူမကိုယ်သူမကျွေးမွေးပြုစုလိုက်သည်။ ဒါပေမဲ့ ဒီနေရာကစားဖိုမှူးတွေက မြို့တော်ကစားဖိုမှူးတွေလို လက်ရာမကောင်းရာ လုရှအနည်းငယ်စိတ်ပျက်သွားသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now