Chapter 5

2.5K 261 1
                                    

Chapter 5 –  အထောက်အပံ့ပစ္စည်းတွေကို စုစည်းခြင်း

ထို့နောက်ပိုင်းတွင် ကောက်ပဲသီးနှံတွေစိုက်ပျိုးခြင်းကိုရပ်လိုက်ပြီး စိုက်ခင်းထဲမှာဟင်းသီးဟင်းရွက်တချို့စိုက်ပျိုးခဲ့သည်။

ဒီလိုနည်းနဲ့ဆို သူမအသီးအရွက်တွေဝယ်စရာ‌မလိုတော့ပဲ ပိုက်ဆံအများအပြားချွေတာနိုင်မယ်လို့ တွေးလျက်ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စိုက်ပျိုးခဲ့သည်။

ထို့ပြင် နေရာလွတ်ထဲမှာစိုက်ပျိုးခဲ့တဲ့ အသီးအရွက်များသည် သူမတူထူးကဲစွာအရသာရှိပြီး သူမကိုရုပ်ပိုင်းဆိုင်ရာသက်သောင့်သက်သာရှိသလို ခံစားရစေသဖြင့် အတော်လေးစိတ်ကျေနပ်ခဲ့သည်။ ထို့ကြောင့် အသီးအရွက်မျိုးစေ့တွေကိုပါ ဖြည့်ထားခဲ့သည်။

ရင့်မှည့်သွားပြီး မစားရသေးတဲ့အသီးအရွက်တွေအတွက်ကတော့ သူမခူးယူပြီးနေရာလွတ်ထဲမှာသိမ်းဆည်းထားခဲ့သည်။ နေရာလွတ်မှာ တာရှည်ထိန်းသိမ်းနိုင်တဲ့လုပ်နိုင်စွမ်းရှိတာကြောင့် ၎င်းတို့တွေကြာရှည်ခံပါ့မလားဆိုတာ စိတ်ပူစရာမလိုပေ။

ကုန်းမြေရဲ့အစပ်မှာ ပန်းသီးပင်နှစ်ပင်နဲ့သစ်တော်သီးပင်တစ်ပင် စုစုပေါင်းအသီးပင်သုံးပင်ကိုလည်းစိုက်ပျိုးထားသည်။ ထိုအပင်တွေကို သူမစိုက်ပျိုးထားတာ တစ်နှစ်လောက်ပဲရှိသေးပေမဲ့ အပင်တွေကအသီးတွေသီးနေပြီ။ သူမကချက်ချင်းအသီးသီးဖို့အသင့်ဖြစ်နေတဲ့ အပင်တွေကိုဝယ်ယူခဲ့တာပင်။

ဘာဖြစ်လို့ဒီနှစ်မျိုးပဲဝယ်ခဲ့တာလဲဆိုတာကတော့ နောက်အပင်တွေကို သူမမဝယ်ချင်လို့မဟုတ်ပါဘူး။ အတော်လေးကိုအဆင်မပြေလို့ပါပဲ။ သူမကအိမ်ကိုသူများတွေနဲ့မျှနေတာကြောင့် အွန်လိုင်းကနေပစ္စည်းတွေမှာပြီး လာပို့ခိုင်းဖို့ကအဆင်မပြေပေ။

ဒီအပင်သုံးပင်ကိုတော့ ပိတ်ရက်မှာတုန်းက ပန်းပင်နဲ့ငှက်ဈေးမှာ ရောင်းချနေတာမတော်တဆတွေ့ခဲ့မိတာကြောင့် လျှို့ဝှက်စွာဝယ်ယူခဲ့တာဖြစ်သည်။ ထိုအပင်တွေကိုနေရာလွတ်ထဲထည့်ဖို့ စောင့်ကြည့်ကင်မရာတွေမရှိတဲ့နေရာကိုရှာဖို့ အတော်လေးကြိုးပမ်းခဲ့ရသည်။ ဒီလိုလုပ်တာနဲ့ပတ်သတ်ပြီး သူမစိတ်ပူမိနေတုန်းပဲ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now