Chapter 18

2.1K 265 3
                                    

Chapter 18 – ကုန်တိုက်

.

လုရှသည်အနည်းငယ်ကြောက်ရွံ့သလို ခံစားနေတုန်းပဲ။ သူမရဲ့စောနကသတ္တိကို သူမကိုယ်သူမလေးစားမိသည်။ သူတို့မှာသာမကောင်းတဲ့ရည်ရွယ်ချက်တွေရှိပါက သူမအတွက်လွတ်မြောက်ဖို့ ခက်ခဲခဲ့ပေလိမ့်မည်။ ကံကောင်းစွာနဲ့ အရာအားလုံးကချောချောမွေ့မွေ့ဖြစ်ခဲ့သည်။

ဒါပေမဲ့ အနာဂတ်မှာသူမရဲ့တိုက်ခိုက်ရေးခွန်အားကို မြှင့်တင်သင့်တယ်လို့ ဆုံးဖြတ်လိုက်သည်။ မိန်းကလေးတစ်ယောက်ဖြစ်ရတာက အန္တရာယ်များလွန်းနေဆဲဖြစ်သည်။ အထူးသဖြင့် ကျေးလက်တောရွာဒေသတွေကို သွားရတော့မဲ့အချိန်မှာပဲ။ သူမပိုပြီးသတိထားဖို့ လိုသည်။

ဒါပေမဲ့ သူမခန္ဓာကိုယ်အကြောင်းတွေးလိုက်တဲ့အခါ သက်ပြင်းချလိုက်မိသည်။ ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်သည် အားနည်းပြီး ကာလကြာရှည်အစားအသောက်ချို့တဲ့မှုကြောင့် အားအင်ပြတ်လတ်နေသည်။ အနည်းငယ်အားနည်းပျော့ညံ့ပြီး ဗလာဖြစ်သလိုခံစားလိုက်ရသည်။

တော်သေးပေလို့ မနေ့ကစပြီးနေရာလွတ်ရေတွင်းမှ စိတ်ဝိဉာဉ်စမ်းရေကို သူမစတင်သောက်သုံးနေခဲ့ပြီး ဒီနေ့မှာ အများကြီးပိုသန်မာလာသလို ခံစားရသည်။ အနာဂတ်မှာ တဖြေးဖြေးချင်းသက်သာလာလိမ့်မယ်လို့ ယူဆရပါသည်။

အတွေးတွေထဲနစ်မြုပ်ရင်း တိတ်ဆိတ်စွာထွက်လာခဲ့ကာ လုံခြုံတဲ့တစ်နေရာမှာအိတ်တွေသိမ်းလိုက်ပြီး လမ်းထောင့်ချိုးလိုက်သည်နှင့် သူမကိုလူတစ်ချို့ခပ်သုတ်သုတ်ဖြတ်လျှောက်သွားတာကို မြင်လိုက်ရသည်။ သူတို့ကလူတစ်ယောက်ကိုသယ်ထားကြပြီး ကျန်လူတစ်စုကနောက်မှလိုက်လာကြကာ ဆေးရုံသို့အပြေးအလွှား သွားနေကြတာဖြစ်နိုင်သည်။

လုရှ သိပ်အာရုံမစိုက်လိုက်ပဲ ထွက်လာပြီးနောက် နေ့လည်ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ အိမ်လည်းမပြန်ချင်သဖြင့် အနီးနားကနိုင်ငံပိုင်စားသောက်ဆိုင်ဆီဦးတည်လိုက်သည်။

ဒါရိုက်တာဝမ်သည် သူမကိုလက်မှတ်တစ်ချို့ပေးခဲ့ပြီး အများစုက အစားအစာနဲ့စက်မှုလက်မှတ်တွေပါဝင်သည်။ ကျင်းမင်နဲ့လည်း ရှားပါးဆပ်ပြာကူပွန်၊ မုန့်ကူပွန်နဲ့ သကြားကူပွန်တစ်ချို့ ဖလှယ်ခဲ့သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now