Chapter 6

2.3K 253 2
                                    

Chapter 6 – ရုပ်ရည်သွင်ပြင်

ထိုအချိန်တွင် အရင်ကသူမဝယ်ခဲ့တဲ့ စပါးခြွေစက်အသေးစားလေးကို လုရှရုတ်တရက်သတိရသွားသည်။ အိုး မဖြစ်ဘူး ထိုပစ္စည်းလည်းမရှိတော့ဘူး။ လုရှ ရင်ကွဲနာကျသွားသည်။

ထိုပစ္စည်းကိုနေရာလွတ်ထဲမှာ အသုံးပြုရန်ရည်ရွယ်ခဲ့တာကြောင့် ပြန်လည်အားဖြည့်နိုင်တဲ့ဘက်ထရီကို‌တောင် အထူးသီးသန့်တပ်ဆင်ခဲ့ပြီး ထိုဘတ်ထရီကအတော်လေးဈေးကြီးသည်။

ဒါပေမဲ့ ဝယ်ယူပြီးနောက်မှာ အိမ်ငယ်လေးသည် ဂျုံ၊ စပါး၊ပြောင်းတွေကိုမထည့်ခင်ခြွေလှေ့ဖို့မလိုကြောင်း နောက်ပိုင်းမှရှာဖွေတွေ့ရှိခဲ့ရာ သူမနောင်တရသွားသည်။ ကောက်ရိုးခြောက်တွေကိုအတူရောထည့်လိုက်ရင်တောင် ၎င်းကအလိုအလျောက်ခွဲခြားသွားပေးမည်ဖြစ်ပြီး ဂျုံစပါးပြောင်းတွေကိုထုတ်ပေးပြီးမှ ကောက်ရိုးခြောက်တွေထွက်ကျလာသည်။ လုပ်စရာဆိုလို့ ကောက်ရိုးခြောက်တွေကို မြေကြီးပေါ်သူမဘာသာရွှေ့ပေးလိုက်ရုံပင်။

ထို့ကြောင့် သူမနောင်တရခဲ့မိသည်။ သူမတစ်လက်ကိုင်အဟောင်းဈေးနဲ့ ပြန်ရောင်းဖို့ကြံရွယ်ခဲ့ပေမဲ့ မရောင်းနိုင်ခင်မှာပဲ မရှိတော့လေဘူး။

ရင်နာလိုက်တာ!

ဒါပေမဲ့ အခုချိန်မှာရင်ကွဲနာကျနေလို့ အသုံးမဝင်ဘူး။ လုရှသည်ထိုအကြောင်းကိုမေ့ထားရန် အားထုတ်ကြိုးစားလိုက်ပြီးမှ နေရာလွတ်အတွင်းအပြင်ကို ‌ရှာဖွေလေ့လာနေတာအဆုံးသတ်လိုက်သည်။ တဖြေးဖြေးနဲ့ သူမနှလုံးသားထဲမှာစိတ်သက်သာရာရလာသည်။ နေရာလွတ်နဲ့ဆိုတော့ သူမမှာယုံကြည်ချက်တစ်ချို့ရှိလာသည်။

နေရာလွတ်မှထွက်လာခဲ့ပြီးနောက် သူမ'ကုတင်'ပေါ်မှထလိုက်သည်။ ရိုးရှင်းတဲ့သစ်သားကုတင်သည် ပြိုကျတော့မည့်အလား တကျွီကျွီမြည်သွားသည်။ ဒါပေမဲ့ မူလကိုယ်ကဒီကုတင်ပေါ်မှာနှစ်ပေါင်းများစွာအိပ်ခဲ့ပြီး ဒီကုတင်ကအမြဲတမ်းဒီလိုပဲဖြစ်ခဲ့တာကြောင့် ပြိုကျမှာမဟုတ်မှန်း လုရှသိပါသည်။ မူလကိုယ်ကဒါကိုအသားကျနေပြီ။

ကုတင်ပေါ်မှဆင်းပြီးနောက် မှန်တင်ခုံရှိတဲ့နံရံထောင့်ဆီလျှောက်သွားသည်။ ဒါကသူမရဲ့အစ်မကြီးလုချွမ်ရဲ့နေရာဖြစ်ပြီး ပုံမှန်အားဖြင့် မူလကိုယ်သည်ဒီကိုမလာတတ်သလို သူမအစ်မကသူမကိုအသုံးပြုခွင့်မပေးပေ။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now