Chapter 58

1.6K 236 0
                                    

Chapter 58 – လုချွမ်အိမ်ထောင်ပြုခြင်း

.

ထိုသို့ပြောနေကြသဖြင့် လူတိုင်းသည်ဖြစ်ပျက်ခဲ့တာကို နားလည်သဘောပေါက်သွားကြသည်။ သူတို့ကဒုတိယသမီးရဲ့အလုပ်ကို အကြီးဆုံးသမီးထံပေးခဲ့ကြတာပဲ။

ဒီလိုတွေးကြည့်လိုက်တော့ လူတိုင်းသည်လုမိသားစုအပေါ် ပိုလို့တောင်အထင်သေးသွားကြသည်။ အခုချိန်မှာအလုပ်မရှိတဲ့အကြီးဆုံးသမီးကိုတော့ ချန်ထားပြီး အလုပ်ကောင်းကောင်းရထားတဲ့ဒုတိယသမီးဖြစ်သူကို ကျေးလက်သို့ပို့လိုက်တဲ့ ဒီလောက်ဘက်လိုက်တတ်တဲ့မိဘမျိုး သူတို့တစ်ခါမှမမြင်ဖူးကြပေ။

နှမ်းစေ့တွေရရှိခဲ့ပေမဲ့ ဖရဲသီးတွေကိုဆုံးရှုံးရတဲ့အဖြစ်မျိုးလို့ဆိုနိုင်သည်။

လုရှကအလုပ်ကိုရောင်းစားသွားခဲ့တာလို့ တချို့လူတွေကထင်ကြေးပေးကြပေမဲ့ သူတို့ခန့်မှန်းတာမှန်ရင်တောင် ဘာလုပ်နိုင်မှာတဲ့လဲ? ဒီလိုဘက်လိုက်တတ်တဲ့မိဘတွေနဲ့ဆို မပုန်ကန်ပဲ အောင့်အီးသည်းခံနေရမှာလား? ဘာလို့သည်းခံရမှာလဲ?

တခြားသူတွေကတော့ လုရှကအကြင်နာကင်းမဲ့လွန်းပြီး ကိုယ့်မိသားစုကိုထိခိုက်စေတယ်လို့ တွေးကြသည်။

တိုတိုပြောရရင်တော့ မှတ်ချက်တွေအမျိုးမျိုးရှိပြီး လုမိသားစုအရေးကိစ္စတွေသည် အတင်းအဖျင်းအကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။ လုမိသားစုကလမ်းပေါ်မှာလမ်းလျှောက်တဲ့အခါ သူတို့အပေါ်ရောက်နေတဲ့လူတွေရဲ့အကြည့်တွေက သူတို့အကြောင်းဆွေးနွေးပြောဆိုနေကြသည့်အလား မတူကွဲပြားကြောင်းခံစားနိုင်ကြသည်။

ဒါကသူတို့ကိုပိုလို့တောင်အရှက်ရစေသည်။

အထူးသဖြင့် လုချွမ်ပဲ။ သူမကအပြင်ကိုမထွက်ရဲတော့ပေ။ ထို့နောက် နောက်ဆက်တွဲဖြစ်ပျက်တာတွေက ပိုလို့တောင်မထင်ထားစရာပဲ။

အလုပ်တစ်ခုမရှိပဲ လုချွမ်သည်မြို့တော်မှာဆက်နေလို့မရတော့ပေ။ မူဝါဒအရ အလုပ်မရှိတဲ့လူငယ်များသည် မြို့တော်မှာအကြာကြီးနေလို့မရကြပါဘူး။ ပညာတတ်လူငယ်များ၏ပြုပြင်ပြောင်းလဲမှုကိုလက်ခံရန် ကျေးလက်ကိုသွားဖို့လိုအပ်သည်။ ပညာတတ်လူငယ်များရုံးက သူတို့တံခါးကိုလာခေါက်တော့မှာကို မြင်လိုက်ရတော့ အမေလုသည်နည်းလမ်းတစ်ခုရှာဖွေဖို့ ကြိုးစားနေခဲ့သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now